အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် (BG)သွေးကူညီရေး၊ ပဲခူး(ကျောက်တန်း)မှ သွေးကူညီရေး၊သင်္ဃန်းကျွန်း(NLD) အဖွဲ့ဝင်များမှ စုပေါင်း၍ ဗဟိုအမျိုးသားသွေးလှူဘဏ် စံပြဆေးရုံ၊ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံ တို့တွင် သွေးအလုံးရေ (၁၂၀)ကျော်ကို ဒီကနေ့ ၂၀၁၂ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြပါသည်။ အဆိုပါသွေးလှူရှင် အဖွဲ့များအား ဗဟိုအမျိုးသားသွေးလှူဘဏ်ရှိ Mass Donors & Conference Room တွင် အမျိုးသားသွေးလှူဘဏ်၏ တာဝန်ခံ ဒေါက်တာ သီတာအောင်မှ သွေးလှူဒါန်း မည့် အလှူရှင်အဖွဲ့များ သိရှိသင့်သည့် အကြောင်းအရာ အချက်အလက်များကို အကြံပေး ပြောကြားခဲ့ပါသည်။
by BurmaVJ Media
0 comments:
Post a Comment