စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 4, 2012

စစ်တွေမြို့ ပစ်ခတ်မူတွင် ဒဏ်ရာ ရသူများ စာရင်း

မောင်ရမ္မာ

စစ်တွေမြို့တွင် ယမန်နေ့ ညနေ မေလ ၃ ရက်နေ့ ညနေပိုင်း ၁၁ နာရီမှ စတင်ကာ မေလ ၄ ရက်နေ့ နံနက်ပိုင်း အထိ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့မှ ပစ်ခတ် လူစုခွဲမှုကြောင့် ဒဏ်ရာရရှိသူ (၁၁ ဦး) ရှိခဲ့ပါသည်။ ဒဏ်ရာ ရသူများ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။



ရဲစခန်းရှေ့တွင် ဆန္ဒပြနေကြစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)

၁။ ကိုကျော်သူမင်း (၂၅ နှစ်) ဘယ်ဖက်လက်မောင်း ဒဏ်ရာရ
၂။ ကိုအောင်ချေ (၂၉ နှစ်) ယာဖက်ပါးပြင်နှင့် ရင်ဘတ်တွင် ဒဏ်ရာရ
၃။ ဦးလှမောင်သိန်း( ၄၈နှစ်) နားရွက်စုတ်ပြဲ ဒဏ်ရာရ
၎။ ကိုနေထွန်း (၂၈ နှစ်) ပေါင်ရင်းနှင့် ခြေမ ဒဏ်ရာရ။
၅။ ကိုကျော်အေးနိုင် (၂၃နှစ်) ခြေဖနောင့် ဒဏ်ရာရ
 ၆။ ရှင်ဝဏ္ဏသာမိ (၁၁ နှစ်) ခြေသလုံး ဒဏ်ရာရ (နံနက်ဆွမ်းချိုင့် သွားယူရာတွင် ရောထွေးထိခိုက်ခြင်းဖြစ်) ၇။ ကိုညီညီမောင်(၃၁ နှစ်) ဘယ်ဖက်လက်မောင်းတွင် ဒဏ်ရာရ။
၈။ ကိုမျိုးအောင် (၂၉ နှစ်) ဘယ်ဖက်လက်ဖျံ ဒဏ်ရာရ
၉။ ကိုခင်မောင်ကျော် (၂၈ နှစ်) ပေါင်ဒဏ်ရာရ။
၁၀။ ကိုမောင်မြဟန် (၂၃ နှစ်) ခြေသလုံးရိုး ဒဏ်ရာရ
၁၁။ ဦးမောင်ကျော်လှ (၄၈ နှစ်) အထက(ခွဲ) ကျောင်းအုပ်ကြီး ဒူးတွင် ဒဏ်ရာရ (နာရေးတစ်ခုသို့အသွားတွင် ရောထွေးထိခိုက်ခြင်းဖြစ်) တို့ဖြစ်သည်။

အဆိုပါဖြစ်ရပ် အပြီးတွင် လုံထိန်းတပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးသွားကြောာင်း သိရသည်။

ကိုထွန်းဝေလည်း သေဆုံးခဲ့ခြင်းမှာ ပစ်ခတ်မှုများကြောင့်မဟုတ်ဘဲ စခန်းသို့ပြန် အရောက်တွင် သေနတ်ကျည်များကို ရှင်းလင်းရာမှ ကျည်ထွက် ပေါက်၍ မတော်တဆ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ

0 comments: