တိုင်းပြည်အတွင်း စက်မှုကဏ္ဍများတိုးတက်လာသည်နှင့်အမျှ ၊လူနေမှုအဆင့်အတန်းခေတ်မှီလာသည်နှင့် အမျှ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကြရန် လိုအပ်သည်။
ထို့ကြောင့်နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်း တာဝန်များကိုလျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာ တွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ စစ်ဆေးဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကိုယ်စား လှယ်များ ဖြင့် ဇွန် ၁၄ရက် က နေပြည်တော် ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာ ၀န်ကြီးဌာန ကျွန်းရွှေဝါအစည်းအဝေးခန်းမ တွင် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် အမည်မဖော်လိုသူ ပညာရှင်တစ်ဦးက "ယခင် န၀တ ၊ နယက လက်ထက်ကတည်းက ကျွန်တော်တို့ က ပုဂ္ဂလိက စက်ရုံတွေ၊အစိုးရရေအားလျှပ်စစ်တွေ လုပ်တိုင်းတင်ပြချက်တွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်ချက်တွေ ၊ဆိုးကျိုး ကောင်းကျိုးတွေ ထည့်ပေးနေကြပါ။ဘာမှခွင့်ပြုချက် မရခဲ့လို့ပါ။ အခုတော့ နိုင်ငံတော်သမ္မတရုံးကခွင့်ပြုချက်အမိန့်နဲ့ စပြီးလုပ်ခိုင်းတော့ ကျွန်တော်တို့ ပညာရှင်တွေ ကသက်ဆိုင်ရာဝန်ကြီးဌာနတွေ ကပညာ၇ှင်တွေနဲ့ Knowledge Share လုပ်ပြီး ထိထိ ရောက်ရောက် လုပ်သွား မှာပါ " ဟုပြောကြားသည်။
အဆိုပါကော်မတီတွင် မြေအသုံးချမှုဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့၊ မြစ်ချောင်းများ နှင့် ရေတိမ်ဒေသဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့၊ စက်မှုစီမံကိန်းများ စက်ရုံကြီးများ မြို့ပြရပ်ရွာဆိုင်ရာ အထူးလုပ်ငန်း အဖွဲ့၊ ပတ်ဝန်းကျင်ရေးရာမူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာအထူးလုပ်ငန်းအဖွဲ့၊ပတ်ဝန်းကျင်ဆိုင်ရာ
ပညာပေးရေး နှင့် အသိပညာပြန့်ပွားရေးအထူးလုပ်ငန်းအဖွဲ့ ဟူ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထူး လုပ်ငန်း အဖွဲ့(၅)ဖွဲ့ပါဝင်ကြောင်း သိရသည်။
(မျိုးသန့်)
0 comments:
Post a Comment