ဆွီဒင်နိုင်ငံအခြေစိုက် နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ရဲ့ ဖိတ်ကြားချက်နဲ့ ဆွီဒင်နိုင်ငံက လွှတ်တော်ကို လေ့လာဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး မနက်ဖြန်မှာ ဆွီဒင်နိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒေါက်တာမေ၀င်းမြင့်၊ ဒေါက်တာ လှမြတ်သွေး ၊ ဒေါက်တာဒေါ်သန်းငွေ ၊ ဒေါ်ခင်ဌေးကြွယ် နဲ့ ဒေါ်စန္ဒာမင်းတို့ အပြင် တခြားတိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်၎ ဦး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စား လှယ်၅ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
ခရီးစဉ်ဟာ ၈ ရက်ကြာမြင့်မှာဖြစ်ပြီး ဆွီဒင်နိုင်ငံက လွှတ်တော်အမတ်တွေ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့လဲ တွေ့ဆုံမယ်လို့ သိရပါတယ်။
How to Manage Your Bankroll in Pana365 Casino?
18 hours ago
0 comments:
Post a Comment