အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဘရစ်တိန်ကိုရောက်လာတဲ့အခါ သမိုင်း အစဉ်အလာကြီးတဲ့ Westminster Hall မှာ ဘရစ်တိန် လွှတ်တော်အမတ်အားလုံးကို မိန့်ခွန်းပြောဖို့ စီစဉ်ထား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဘရစ်တိန်ကိုရောက်လာတဲ့အခါ သမိုင်း အစဉ်အလာကြီးတဲ့ Westminster Hall မှာ ဘရစ်တိန် လွှတ်တော်အမတ်အားလုံးကို မိန့်ခွန်းပြောဖို့ စီစဉ်ထားကြောင်း လန်ဒန်ကပေးပို့တဲ့ Press Trust India သတင်းမှာ ရေးသားထားပါတယ်။ Westminster Hall
ဟာ ဘရစ်တိန်နိုင်ငံမှာ ရှေးအကျဆုံးနဲ့ သမိုင်းအစဉ်အလာအကြီးဆုံး အဆောက်အဦးတစ်ခုဖြစ်ပြီး အဲဒီ ၀န်းကျင်မှာ ဘရစ်တိန်လွှတ်တော်၊ ဥပဒေတရားရုံးတွေနဲ့ အစိုးရရုံး အဆောက်အဦးအတော်များများ ၀န်းရံထားပါ တယ်။ များသောအားဖြင့်တော့ Westminster Hall မှာ ဘရစ်တိန်ကို လာရောက်လည်ပတ်တဲ့ တိုင်းပြည် အကြီးအကဲအဖြစ် တာဝန်ယူထားသူ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေကဘဲ သက်ဆိုင်ရာနိုင်ငံတွေကို ကိုယ်စားပြုပြီး မိန့်ခွန်းပြောလေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိတိုင်းပြည်အကြီးအကဲအဖြစ် တာဝန်မယူရသေး ပေမဲ့ သမိုင်းကြီးတဲ့ ဒီမိုကရေစီသူရဲကောင်းဖြစ်တာမို့ တခြားကမ္ဘာ့ခေါင်းဆောင်တွေနည်းတူ Westminster Hall မှာ မိန့်ခွန်းပြောဖို့ ဘရစ်တိန်ဝန်ကြီးချုပ် ဒေးဗစ်-ကင်မရွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ်-ဟိက် တို့က ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++
မန္တလေးတိုင်း မြစ်သားမြို့မှာ စမာဆည်ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးနိုင်တဲ့ မြို့မိမြို့ဖတွေကို မဖိတ်ပဲ မသိနားမလည်တဲ့ ဆိုက်ကားသမားနဲ့ ကင်းသမားအချို့ကိုသာ ဖိတ်ကြားတွေ့ဆုံ
ဇွန်လ(၃)ရက်နေ့က မန္တလေးတိုင်း မြစ်သားမြို့မှာ စမာဆည်ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်း ဆည်မြောင်းဝန်ကြီးနဲ့ မြစ်သားမြို့ ခံတွေ တွေ့ဆုံပွဲလုပ်ရာမှာ မြို့နယ်ဆည်မြောင်းဌာနက အပြန်အလှန် ဆွေးနွေးနိုင်တဲ့ မြို့မိမြို့ဖတွေကို မဖိတ်ပဲ မသိနားမလည်တဲ့ ဆိုက်ကားသမားနဲ့ ကင်းသမားအချို့ကိုသာ ဖိတ်ခဲ့တဲ့အတွက် မြို့ခံတွေ မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မြစ်သားမှာရှိတဲ့ စမာရေလွှဲဆည်ဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူထုအတွက် အကျိုးမရှိတဲ့ ဆည်ပေါင်း (၄၂)ခုမှာ တစ်ခုအပါအ၀င်ဖြစ် ကြောင်း လွှတ်တော်အမတ်တွေက စရင်းထုန်ပြန်ထားပါတယ်။ အဲဒီဆည်ကြောင့် ဒေသတစ်ဝိုက် ရေကြီး မှုဖြစ်ပြီး တောင်သူတွေရဲ့လယ်ယာစိုက်ခင်းတွေ နှစ်စဉ် ရေနစ်မြုပ်နေသလို နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ ခြင်ပေါမှုနဲ့ ဖျားနာမှုတွေဖြစ်ပွားနေပါတယ်။ ဒီ့အတွက် စမာဆည်စီမံကိန်းကို ရပ်တန့်ဖို့ ဆည် မြောင်းဝန်ကြီးကို တင်ပြထားပြီး ဆက်လုပ်မယ်ဆိုရင် လမ်းပေါ်ထွက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ မြစ် သားမြို့ ခံတွေက ပြောပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++
“စေတနာရှင်လူငယ်များ” ပညာရေး ကူညီမှု အသင်း"
ပြိးခဲ့တဲ့ မေလ(၂၇) ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ရှိ “စေတနာရှင်လူငယ်များ” ပညာရေး ကူညီမှု အသင်းဝင် လူငယ်တွေစုပေါင်းပြိး ဘာအံမြို့နယ်၊ တံတားဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို စာသင်ခုံ၊ ထိုင်ခုံနဲ့ စာရေးကိရိယာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့မှာဘဲ ကျောင်းသူ ကျောင်းသားတွေကို အဟာရကျွေးတာ၊ ကလေးငယ်တွေနဲ့အတူ ဂိမ်းကစားတာ၊ သီချင်းအတူ သီဆို တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ စေတနာရှင်လူငယ်အဖွဲ့ကို ဘားအံမြို့ ကလူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး နွမ်းပါးတဲ့ စာသင်ကျောင်းတွေကို လိုအပ်တဲ့သင်ကြားရေးပစ္စည်းတွေ လှုဒါန်းခြင်း၊ ကလေးငယ် (၁၈) ဦးကို အခမဲ့ပညာသင်ကြားပေးခြင်းများ လုပ်ဆောင်နေတယ်လို့ အဖွဲ့ဝင်လူငယ်တွေက ပြောပါတယ်။ အဲဒီအဖွဲ့ကို လှုဒါန်းလိုသူတွေအနေနဲ့ ဖုန်းနံပါတ်-09-4973 8343၊ 09-4250 10125၊ 09-4977 0623၊ ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အဲဒီအဖွဲ့က အသိပေးနိုးဆော်ထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++
ထိုင်း-မြန်မာဆက်ဆံရေးအပေါ် ထိုင်းဝန်ကြီးချုပ်စိုးရိမ်
နေသွင် DVB ၀၄ ဇွန် ၂၀၁၂
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ စီစဉ်ထားတဲ့ ထိုင်းခရီးစဉ် ၂ ကြိမ်ဆက်တိုက် ရွှေ့ဆိုင်းလိုက်တဲ့နောက်မှာ မြန်မာနှင့်ထိုင်းနိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်လို့ စိတ်ပူမိတယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်န၀ပ်က ပြောပါတယ်။
မြန်မာအစိုးရဘက်က နားလည်မှုလွဲမှာ စိုးရိမ်မိလို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကတဆင့် မြန်မာအစိုးရကို ရှင်းပြဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောတာကို ဘန်ကောက်အခြေစိုက် နေရှင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့အပတ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးအပေါ် မြန်မာအစိုးရဘက်က မကျေမနပ်ဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ပြီးခဲ့တဲ့အပတ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ တိုက်ဆိုင်နေတဲ့ ဘန်ကောက် ခရီးစဉ်ကို ဒီတပတ် တနင်္လာနေ့ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် သောကြာနေ့မှာ နောက်တခါ အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း သမ္မတရုံးရဲ့ ၀က်ဆိုက်မှာ ကြေညာလိုက်တာပါ။
သမ္မတရုံးရဲ့ ဇွန် ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ “ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်မည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အား အကြောင်း မညီညွတ်ပါသဖြင့် ရွှေ့ဆိုင်းလိုက်ပြီး နှစ်နိုင်ငံ အဆင်ပြေမည့်အချိန်ကို ပြန်လည်ညှိနှိုင်းစီစဉ်သွားမည်” လို့ ဖော်ပြထားပါတယ်။
ထိုင်းအစိုးရပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဖိုရမ် တက်ရောက်ဖို့ အစီအစဉ်ကို သူတို့ စီစဉ်တာမဟုတ်ဘဲ ဖိုရမ် စီစဉ်သူတွေရဲ့ အစီအစဉ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို နှစ်ကြိမ်တွေ့ဆုံခဲ့သလို၊ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းကိုလည်း ထိုင်းလုံခြုံရေးတွေရဲ့ အကူအညီနဲ့ သွားရောက်ခဲ့ပါတယ်။
မြန်မာအစိုးရဘက်က မကျေမလည် အဖြစ်ဆုံးကိစ္စကတော့ ထိုင်း-ဒုဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့တဲ့ ကိစ္စလို့ အမည်မဖော်လိုတဲ့ ထိုင်းအစိုးရအရာရှိတဦးက ပြောတာကို နေးရှင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့လိုက်တဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိစ္စနဲ့ မြန်မာဒုက္ခသည်အရေးမှာ မြန်မာအစိုးရထက် ထူးထူးခြားခြား ကိုင်တွယ်ပြနိုင်လိုက်တယ်လို့ အဲဒီ အမည်မဖော်လိုတဲ့ အစိုးရအရာရှိက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေး ဖိုရမ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သလို၊ အတိုက်အခံပါတီက ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘိဇစ် ၀ိချချီဝ နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။
ဒါပေမယ့် ဒီခရီးစဉ်အတွင်းမှာပဲ မဲဆောက်မှာ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ တွေ့ဆုံမယ့် အစီအစဉ်အပါအ၀င် တချို့အစီအစဉ်တွေကို နှစ်နိုင်ငံဆက်ဆံရေးကို ငဲ့ပြီး ဖျက်သိမ်းခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က မီဒီယာတွေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း ထိုင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း စီစဉ်ပေးခဲ့သူ တဦးဖြစ်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ် ငြိမ်းချမ်းရေးကောင်စီက ဒေါက်တာ တင်မိုသီကလည်း ဒီခရီးစဉ်အတွင်းက တချို့အစီအစဉ်တွေမှာ အခက်အခဲဖြစ်သွားအောင် မြန်မာနိုင်ငံခြားရေးဌာနက ထိုင်းဘက်ကို ဖိအားပေးခဲ့တာမျိုး ရှိခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီလို အဆင်မပြေမှုတချို့ရှိခဲ့ပေမယ့် တနင်္ဂနွေမှာ ထိုင်းခရီးစဉ်က အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ၆ ရက်ကြာ ထိုင်းခရီးစဉ်အပေါ် အားရကျေနပ်မှုရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။
ထိုင်းနိုင်ငံခရီးစဉ်ဟာ ၂၄ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ရှေ့လာမယ့် ရက်သီတင်းပတ်တွေအတွင်းမှာပဲ နော်ဝေ၊ အင်္ဂလန်တို့ကို သွားရောက်ဖို့ ဥရောပကို ခရီးထွက်ဖို့ ရှိနေပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++
လန်ဒန်ရောက် ကိုဇာဂနာ....
ဇွန်လ ၁ ရက်နေ့ မနက် ၇ နာရီက ဟာသ အနုပညာရှင် ကိုဇာဂနာဟာ လန်ဒန်မြို့ဟီသရိုး လေဆိပ်ကို လေယာဉ်နဲ့ ရောက်ရှိ လာခဲ့ပါတယ်။ အဲဒီလို ရောက်ရှိလာတဲ့
ကိုဇာဂနာကို ပြည်ပရောက် မြန်မာတွေက သွားရောက် ကြိုဆို ခဲ့ကြပါတယ်။ ကိုဇာဂနာဟာ လန်ဒန်အခြေစိုက် amnesty international အဖွဲ့ရဲ့ဖိတ်ကြားချက်နဲ့
ရောက်ရှိလာခဲ့တာ ဖြစ်သလို အိုင်ယာလန် အခြေစိုက် amnesty အဖွဲ့ကလည်း ဖိတ်ကြားထားတာကြောင့် အိုင်ယာလန်နိုင်ငံကိုလည်း သွားဖို့ ရှိနေပါတယ်။ ဒါ့အပြင်
ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကို ရောက်ရှိလာမဲ့ ဇွန်လ ၂၂ ရက်နေ့မှာ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ပွဲမှာလည်း ကိုဇာဂနာရဲ့ဖျော်ဖြေရေး အစီအစဉ်
ရှိတယ်လို့လည်း သိရပါတယ်။
0 comments:
Post a Comment