မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်
သတင်းကြေညာချက်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။
လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွများသည်လည်း တရားဝင် သုံးစွေဲငွ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစားတူညီသည်။
ပေါ်လွင်ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မြေပုံ၊ သပြေခက်နှစ်ခက်နှင့်ဆင်ဖြူနှစ်စီးနှင့်ကြာဖြူတစ်ပွင့်တို့ဖြင့်ဖွဲ့စည်းရိုက်နှိပ်ထားသည်။
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။ ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ အခုလည်းဖြစ်မယ်မထင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)ကသုံးသပ်ပြောကြားသည်။
Welcome to SeekaHost
2 days ago
0 comments:
Post a Comment