စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 4, 2012

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း။







မြန်မာပြည်တွင် စစ်ငြိမ်းချမ်းရေးအတွက် အမျိုးမျိုးဖော်ဆောင်နေကြရာမှာ "လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့ လမ်း" ဆိုတဲ့ လူမှုကွန်ယက်အဖွဲ့ကတော့ ၃-၆-၂၀၁၂ ညနေပိုင်းတွင် ကချင်စစ်ဘေးဒုက္ခသည်များအတွက် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှေ့တွင် တေးသီးချင်းများဖြင့် ရန်ပုံငွေလိုက်လံရှာဖွေ ဖျော်ဖြေရာ ၈၈-ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ မမီးမီးတို့အဖွဲ့မှလည်း ပါဝင်ကူညီ ဖျော်ဖြေခဲ့ကြပါတယ်။

ထို လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ကို မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ ကိုရဲလွင်က ဦးစီးဦးဆောင်ဖွဲ့စည်းထားပြီး တနင်္ဂနွေနေ့တိုင်း ရန်ကုန်၊ မန္တလေး မြို့နယ်အစုံ နေရာအနှံ့က ဖိတ်ကြားလာသောနေရာများသို့ ဖျော်ဖြေလာခဲ့ရာ အခုဆိုလျှင် (၈) ပါတ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

ထိုပွဲတွင် တာဝန်ရှိသူ ဦးအောင်သန်းမှလည်း မြန်မာပြည်အနှံ့ စစ်ပွဲတွေ မငြိမ်းချမ်းသေးသ၍ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းကတော့ အဆက်မပြတ် လျှောက်လှမ်းရင်း မြန်မာပြည်အနှံ့ ၊ ကမ္ဘာအနှံ့ မှာ ငြိမ်းချမ်းရေးတေးသီးချင်းတွေနဲ့ လျှောက်လှမ်းသွားမည်ဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။ စစ်ပြီးတဲ့နေ့ ဟာ လမ်းဆုံးတဲ့နေ့ဆိုတာကိုလည်း တဆက်တည်းပဲ ပြောကြားပါတယ်။


ထိုပွဲနဲ့ ပတ်သက်ပြီး အခုလာမယ့် ဇွန်လ (၉) ရက်နေ့မှာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဒို့ရိုးရာ မြန်မာစားသောက်ဆိုင်တွင် ကချင်ဒေသ တစ်ကျော့ပြန် စစ်ဘေးသင့် တစ်နှစ်ပြည့်ပွဲကို နေ့လည် (၁) နာရီမှ (၃) နာရီထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။


(သတင်းနှင့် ဓာတ်ပုံ - လင်းဆက် & ဗွီဒီယို - ကိုသန်းဌေး)။

0 comments: