စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, July 10, 2012

လစ်လပ်သွားတဲ့ ဒုတိသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒီကနေ့ အဆိုပြု


(ဓာတ်ပုံ- ဧပြီလ ၂၈ ရက်နေ့က အီးယူရုံးခန်းဖွင့်ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်၊ အီးယူနိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှတန်နဲ့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေတို့ အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်နေကြစဉ်။)

လစ်လပ်သွားတဲ့ ဒုတိသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒီကနေ့ အဆိုပြု လိုက်ပါတယ်။

ဒီလို အဆိုပြုလိုက်တဲ့ အကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် အစု အဖွဲ့က ဗိုလ်မှူးချုပ်ဝေလင်းက သတင်းထောက်တွေကို အခုလို အတည်ပြု ပြောကြားလိုက်တာပါ။

နှုတ်ထွက် သွားတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နေရာမှာ ဦးမြင့်ဆွေကို အစားထိုးဖို့ အတွက် အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ ရန်ကုန် အခြေစိုက် ဥရောပသမဂ္ဂရုံး ဖွင့်လှစ်စဉ်က
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တက်ရောက်ခဲ့ပါတယ်။

ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နဲ့ နီးစပ်သူဖြစ်ပြီး သဘောထား တင်းမာသူအဖြစ် ထင်ကြေး ပေးခံရပေမယ့် သီဟသူရ ဦးတင်အောင်မြင့်ဦး ထက် ပိုပြီး ပျော့ပြောင်းသူ အဖြစ်လည်း
နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့လကလည်း ရခိုင်ပြည်နယ်က အခြေအနေတွေကို လွန်လွန် ကဲကဲ ရေးသားဖော်ပြ လာတဲ့ မီဒီယာတွေကို တည်ဆဲ ဥပဒေအရ အရေးယူ
သွားမယ်လို့ မီဒီယာတွေကို ခေါ်ယူ သတိပေးခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၆၁ နှစ် ရှိပြီ ဖြစ်တဲ့ ဦးမြင့်ဆွေဟာ မွန်တိုင်းရင်းသား တဦးဖြစ်ပြီး ၁၉၇၁ ခုနှစ် မေမြို့ စစ်တက္ကသိုလ် အပတ်စဉ် (၁၅) ကျောင်းဆင်းတဦး
ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ရန်ကုန်တိုင်း လုံခြုံရေးအတွက် တပ်မ (၁၁) ကို ကိုင်တွယ်ခဲ့သလို ၂ဝဝ၄ ခုနှစ်၊ ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်စဉ်မှာပဲ စစ် ထောက်လှမ်းရေး အကြီးအကဲ အဖြစ် ပူးတွဲ တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို အင်အားသုံး ဖြိုခွဲခဲ့သူတွေ ထဲမှာ အဓိက တာဝန်ရှိသူအဖြစ် ထင်ရှားတယ်လို့လည်း ဆိုပါတယ်။

RFA

0 comments: