စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 9, 2012

သတင်း တိုတိုထွာထွာများစုစည်းမှု


လယ်သမားတွေဦးဆောင်တဲ့ လယ်သမားအစည်းအရုံးများ ဖွဲ့ဖို့လို

လယ်သမားတွေကိုယ်တိုင် ဦးဆောင်ပါဝင်တဲ့ လယ်သမားအစည်းအရုံးတွေဖွဲ့စည်းကြဖို့ ပါတီ ၄ ပါတီ စုပေါင်း ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လယ်သမားအစည်း အရုံးဖြစ်မြောက်ရေး ကော်မတီ ကတိုက်တွန်း လိုက် ပါတယ်။ လယ်သမားတွေ လယ်သမား အစည်းအရုံးဘာကြောင့်ဖွဲ့စည်းဖို့ လိုအပ်တယ် ဆိုတာ နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ စီးတီးစတားဟိုတယ်မှာ ဇူလိုင်လ ၇ ရက်နေ့က ပြလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားတာပါ။

တဆက်တည်းမှာလည်းလယ်သမား အခွင့်အရေးတောင်းဆိုရာမှာ လယ်သမားတွေကိုယ်တိုင် ရပ်တည်ပြီး တောင်းဆိုဖို့လိုအပ်တယ်ဆိုတာကိုလည်း ထောက်ပြသွားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်သိန်းလင်း ကလည်း လယ်သမာ တွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်း ပေးမယ့် သူတွေ ဆိုရင် လယ်သမား မဟုတ်လည်း မြန်မာနိုင်ငံလုံး ဆိုင်ရာ လယ်သမားအစည်း အရုံးဖြစ်မြောက်ရေး ကော်မတီ မှာ ပါဝင်ခွင့်ရှိတယ်လို့ ဆိုသွားခဲ့ပါတယ်။ ဒ့ါအပြင် ကော်မတီ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတွေက လယ်သမားတွေရဲ့ အခက်အခဲတွေကို လွှတ်တော် ကို တင်ပြဆွေးနွေး သွားမယ်လို့ သူကဆက်ဆိုခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲကို သတင်းသမား အယောက် ၃၀ လောက်တက်ရောက်သတင်းယူခဲ့ကြသလို မြန်မာနိုင်ငံလုံးဆိုင်ရာ လယ်သမားအစည်းအရုံး ဖြစ်မြောက်ရေး ကော်မတီမှာပါဝင်တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ၊ ခေတ်သစ်ပြည်သူ့ပါတီ ၊ မြန်မာအမျိုး သားကွန်ဂရက်ပါတီ နဲ့ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီတွေက တာဝန်ရှိသူတွေလည်း တက်ရောက် လာခဲ့ကြပါတယ်။



by BurmaVJMedia


++++++++++++++++++++++++++++++++++++

သမ္မတ ဦးသိန်းစိန်ရဲ့ ဇူလိုင်လ (၂၂)ရက် ထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ ကော့သောင်းခရိုင်မှာ ကျူးကျော်နေထိုင်မှုနဲ့ ဖမ်းထားတဲ့ ထိုင်းနိုင်ငံသား (၄၉)ယောက် ပြန်လွတ်လာနိုင်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြော

သမ္မတ ဦးသိန်းစိန်ရဲ့ ဇူလိုင်လ (၂၂)ရက် ထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ ကော့သောင်းခရိုင်မှာ ကျူးကျော်နေထိုင်မှုနဲ့ ဖမ်းထားတဲ့ ထိုင်းနိုင်ငံသား (၄၉)ယောက် ပြန်လွတ်လာနိုင်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောဆိုကြောာင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်က လတ်တလော ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား (၄၉)ယောက်ထဲမှာ အမျိုးသား (၄၁)ဦးနဲ့ အမျိုးသမီး (၈)ဦး ပါဝင်ပါတယ်။ သူတို့ပြန်လွတ်ရေးအတွက် ရနောင်း-ကော့သောင်း နယ်စပ်ကော်မတီက မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ထိုင်းဒု ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++

လွှတ်တော်အစည်းအဝေးတွေမှာ တက်ရောက်သတင်းယူတဲ့ သတင်းထောက်တွေရဲ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ပြန့်ကြားရေးဝန်ကြီးဌာနက အသိပေးစာတစ်စောင်ကို ထုတ်ပြန်

လွှတ်တော်အစည်းအဝေးတွေမှာ တက်ရောက်သတင်းယူတဲ့ သတင်းထောက်တွေရဲ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ပြန့်ကြားရေးဝန်ကြီးဌာနက အသိပေးစာတစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၆ ရက် ရက်စွဲနဲ့ နိုင်ငံခြားသတင်းထောက်များအသင်းအပါအ၀င် ပြည်တွင်းသတင်းဌာနတွေကို ပေးပို့လိုက်တဲ့ အဲ့ဒီ အသိပေးစာထဲမှာ တော့ နိုင်ငံသား၊ နိုင်ငံခြားသား သတင်းထောက်တွေအနေနဲ့ လွတ်တော်အစည်းအဝေး သတင်းယူစဉ် ဘောင်းဘီတိုနဲ့ တီရှပ်အင်္ကျီ ၀တ်ဆင်တာတွေကို ရှောင်ရှားကြဖို့ သတိပေးထားတာဖြစ်ပါတယ်။ အဲဒီလို သတိပေးဖို့ ပြည်ထောင်စု လွှတ်တော်ရုံးက ပြန်ကြားရေးဝန်ကြီးဌာနကို အကြောင်းကြားစာ ပေးပို့လာတာကြောင့် အခုလို သတိပေးစာထုတ်ပြန် ရတာဖြစ်ကြောင်း ပြန့်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

++++++++++++++++++++++++++++++

စာနယ်ဇင်းကောင်စီ ယာယီဖွဲ့စည်းရေး အပါအ၀င် စာပေစိစစ်ရေး ဖျက်သိမ်းရေးကိစ္စတွေ နှောင့်နှေးနေတာ ဟာ ၀န်ကြီးအပြောင်းအလဲကို စောင့်နေတာကြောင့်ဖြစ်

စာနယ်ဇင်းကောင်စီ ယာယီဖွဲ့စည်းရေး အပါအ၀င် စာပေစိစစ်ရေး ဖျက်သိမ်းရေးကိစ္စတွေ နှောင့်နှေးနေတာ ဟာ ၀န်ကြီးအပြောင်းအလဲကို စောင့်နေတာကြောင့်ဖြစ်ပြီး၊ ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲ ဖြစ်ပြီးတဲ့ နောက် ပိတ်ဆို့နေတာတွေ အားလုံးပွင့်သွားနိုင်တယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောပါတယ်။ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းပြီးတဲ့နောက် ဇွန်လကုန်မှာ စာပေစိစစ်ရေးကို ဖျက်သိမ်းတော့မယ်လို့ လက်ရှိ စာပေစိစစ်ရေးညွှန်မှုး ဦးတင့်ဆွေက ပြောကြားခဲ့ပေမဲ့ အခုဇူလိုင်လထဲ ရောက်လာတဲ့ထိ ကောင်စီလဲမဖွဲ့ဖြစ်၊ စာပေစိစစ်ရေးလဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။

++++++++++++++++++++++++++++++

လပ်လစ်နေတဲ့ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့နေရာကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကနေ ရွေးချယ်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြထား

လပ်လစ်နေတဲ့ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့နေရာကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကနေ ရွေးချယ်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြထားပြီး ဇူလိုင်လ ၉ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမယ်လို့ သိရပါတယ်။ အဲဒီ့နောက် ရွေးချယ်ထားတဲ့ ဒုသမ္မလောင်းအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ထံ ဇူလိုင် ၁၀ ရက် နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပါတယ်။ ဒုသမ္မတကိုရွေးချယ်တင်မြောက်ကြရမယ့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဟာ ပြည်သူ့လွှတ်တော်မှာ (၁၁၀)နဲ့ အမျိုးသားလွှတ်တော်မှာ (၅၆) ဦး စုစုပေါင်း (၁၆၆) ဦး ပြည်ထောင်စုလွှတ်တော်မှာ ရှိပါတယ်။

++++++++++++++++++++++++++++++++

မြန်မာနိုင်ငံနဲ့ လေကြောင်းခရီးစဉ်တွေ တိုးချဲ့နိုင်ဖို့အတွက် နိုင်ငံတကာလေကြောင်းလိုင်း အနည်းဆုံး (၈)ခုလောက်က စီစဉ်နေ

မြန်မာနိုင်ငံနဲ့ လေကြောင်းခရီးစဉ်တွေ တိုးချဲ့နိုင်ဖို့အတွက် နိုင်ငံတကာလေကြောင်းလိုင်း အနည်းဆုံး (၈)ခုလောက်က စီစဉ်နေကြောင်း အေဂျင်စီသတင်းတွေမှာ ရေးသားထားပါတယ်။ အဲဒီကြောင်းလိုင်းတွေကတော့ ဂျပန် All Nippon လေကြာင်းလိုင်း၊ ကာတာလေကြောင်းလိုင်း၊ သီရိလင်္ကာလေကြောင်းလိုင်း၊ ဘင်္ဂလား ဒေ့ရှ် Biman လေကြောင်းလိုင်း၊ ဟောင်ကောင် Express လေကြောင်းလိုင်း၊ ပါကစ္စတန်လေကြောင်းလိုင်း၊ တောင်ကိုရီးယားလေကြောင်းလိုင်းနဲ့ ထိုင်ဝမ်လေကြောင်းလိုင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမဏီအခြေစိုက် Condor လေကြောင်းလိုင်းလည်း လာမယ့် နိုဝင်ဘာလကစပြီး ဖရန့်ဖတ်နဲ့ ရန်ကုန်ခရီးစဉ်တွေကို အပတ်စဉ် ပြေးဆွဲဖို့ စီစဉ်နေကြောင်း အေဂျင်စီသတင်းတွေမှာ ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++

ဧရာဝတီတိုင်း ဟင်္သတမြို့နယ် သဲထုံးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဥိးဆောင်ပြီး ဇူလိုင်လ ၈-ရက်နေ့က အမေ့မေတ္တာ အမှတ် ၂ အခမဲ့ပညာဒါနကျောင်း ဖွင့်လှစ်ခဲ့

ဧရာဝတီတိုင်း ဟင်္သတမြို့နယ် သဲထုံးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဥိးဆောင်ပြီး ဇူလိုင်လ ၈-ရက်နေ့က အမေ့မေတ္တာ အမှတ် ၂ အခမဲ့ပညာဒါနကျောင်း ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ ဆရာ၊ ဆရာမ ၃ ဦးနဲ့ ကျောင်းသူကျောင်းသား ၈၀ လောက် ရှိပါတယ်။ အဲဒီကျောင်းမှာ သူငယ်တန်းကနေ ဒသမတန်းအထိ သင်ကြားပေးမှာဖြစ်ပြီး ကျောင်းချိန်ပြင်ပမှာလည်း ကျူရှင်သဘောသင်ကြားပေးမဲ့အကြောင်း ဟင်္သတမြို့ အန်အယ်ဒီအဖွဲ့ဝင် ကိုစောဝင်းက ပြောပါတယ်။ အဲဒီ့နောက် အင်္ဂပူုမြို့နယ်က မူလွန်ကျောင်း ကိုသွားရောက်ပြီး ဗလာစာအုပ်တွေ သွားရောက်လှူန်ဒါန်းခဲ့ကြောင်း ဟင်္သတအန်အယ်ဒီအဖွဲ့ဝင် ကိုစောဝင်း က ပြောပြခဲ့ပါတယ်။

++++++++++++++++++++++++++++++

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်မှာတင်သွင်းမယ့် ဥပဒေကြမ်းတွေကို မဆွေးနွေးခင် အများပြည်သူ သိရှိနိုင်အောင်နဲ့ လေ့လာအကြံပေးနိုင်အောင်   နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးနေကြောင်း

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်မှာတင်သွင်းမယ့် ဥပဒေကြမ်းတွေကို မဆွေးနွေးခင် အများပြည်သူ သိရှိနိုင်အောင်နဲ့ လေ့လာအကြံပေးနိုင်အောင် နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးနေကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ ဒီ့မတိုင်ခင်တုန်းက လွှတ်တော်မှာတင်သွင်းမယ့် ဥပဒေမူကြမ်းတွေကို လှို့ဝှက်ဆိုပြီးရေးထားတဲ့အတွက် ပြည်သူတွေသိအောင် ပြောဆိုလို့ မရခဲ့ဖူးလို့ သူက ဆိုပါတယ်။ နောက်ပိုင်းမှာတော့ လွှတ်တော်မှာတင်တဲ့ ဥပဒေကြမ်းတွေကို နိုင်ငံတော်ပြန်တမ်းထဲ ထည့်သွင်းပြီးတဲ့အချိန်ကျမှ အများပြည်သူ သိအောင် ရောင်းချခဲ့တာဖြစ်ပါတယ်။

+++++++++++++++++++++++++++++++

ဇူလိုင်လ ၁၂-ရက် ဖနွမ်းပင်မှာကျင်းပမဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ပိုမိုအား ပေးဖို့ ဆွေးနွေးနိုင်ကြောင်း The Jakarta Post သတင်းမှာ ရေးသားထား

ဇူလိုင်လ ၁၂-ရက် ဖနွမ်းပင်မှာကျင်းပမဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ပိုမိုအား ပေးဖို့ ဆွေးနွေးနိုင်ကြောင်း The Jakarta Post သတင်းမှာ ရေးသားထားပါတယ်။ အဲဒီအစည်းအဝေးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေသာမက အမေရိကန်၊ ဂျပန်၊ တရုတ်၊ ရုရှ၊ အိန္ဒိယ၊ တောင်ကိုးရိးယားနဲ့ အီးယူနိုင်ငံတွေပါ တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ ရေပိုက်နက် အငြင်းပွားနေတဲ့ကိစ္စ၊ မြောက်ကိုးရီးယားရဲ့ နျူးကလီးယားလက်နက်ကိစ္စနဲ့အတူ မြန်မာနိုင်ငံက အပြောင်း အလဲတွေကို ပိုမိုထောက်ခံအားပေးရေးကိစ္စတွေကို အဓိကထား ဆွေးနွေးနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီ အစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ဖို့စီစဉ်ထားပြီး အရင်နဲ့မတူဘဲ အနောက် နိုင်ငံတွေရဲ့ လှိုက်လှဲတဲ့ကြိုဆိုမှုကို ရနိုင်ကြောင်း The Jakarta Post သတင်းမှာ ရေးသားထားပါတယ်။

++++++++++++++++++++++++++++++

ဇူလိုင် ၉-ရက်နေ့မှာ လွှတ်တော်အစည်းအဝေးတက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က လွှတ်တော်မှာ ပထမဆုံး သူတင်သွင်းမယ့်အကြောင်းအရာကို အခြားကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်မယ်လို့ ပြောကြား

ဇူလိုင် ၉-ရက်နေ့မှာ လွှတ်တော်အစည်းအဝေးတက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က လွှတ်တော်မှာ ပထမဆုံး သူတင်သွင်းမယ့်အကြောင်းအရာကို အခြားကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်မယ်လို့ ပြောကြားလိုက်ပါတယ်။ နေ့လည်ပိုင်း အစည်းအဝေးနားချိန် သတင်းထောက်တွေရဲ မေးခွန်းကို ဖြေကြားစဉ် အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ကြတဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဒေါက်တာအောင်မိုးညိုနဲ့ ဒေါက်တာဇော်မြင့်မောင်တို့ကတော့ ကဏ္ဍအလိုက် စံချိန်စံညွှန်းများ သတ်မှတ်လုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုမှာ တခြားလွှတ်တော် ကိုယ်စားလှယ် ၉ ဦးနဲ့အတူ ပထမဆုံး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

+++++++++++++++++++++++++++++++

ဇူလိုင်လ (၉) ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (အမျိုးသားဒီမိုကရေစီပါတီသစ်-ဥက္ကဌ) ဦးသိန်းညွန့်က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်နဲ့ စပ်လျဉ်းမေးခွန်းကို မေးမြန်းခဲ့

ဇူလိုင်လ (၉) ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (အမျိုးသားဒီမိုကရေစီပါတီသစ်-ဥက္ကဌ) ဦးသိန်းညွန့်က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်နဲ့ စပ်လျဉ်းမေးခွန်းကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ပြည်ထောင်စု ပြည်ထဲရေးဒုဝန်ကြီး ဦးကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါအပြင် လူမှုရေးအသင်းအဖွဲ့ လုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးဖို့နဲ့ စက်မှုဇုံတွေမှာရှိတဲ့ အရက်ချက်စက်ရုံအပါအ၀င် စက်ရုံတွေကထွက်တဲ့ အညစ်အကြေးတွေကြောင့်ဖြစ်ပေါ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ မေးခွန်း တွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

++++++++++++++++++++++++++++++

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ထောင်ဖို့ လျပ်စစ်ဝန်ကြီးရဲ့ တိုက်တွန်းချက်ကို စက်မှုဇုံလုပ်ငန်းရှင်အများစု စိတ်ပျက်နေ

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ထောင်ဖို့ လျပ်စစ်ဝန်ကြီးရဲ့ တိုက်တွန်းချက်ကို စက်မှုဇုံလုပ်ငန်းရှင်အများစု စိတ်ပျက်နေတယ်လို့ သိရပါတယ်။အဲဒီလို ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လျှပ်စစ်(၂) ၀န်ကြီး ဦးခင်မောင်စိုးက ဇူလိုင် ၆ ရက်နေ့က ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုံတာဝန်ရှိသူတွေကို ခေါ်ယူပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ၀န်ကြီးက ထိုင်းနိုင်ငံမှာရှိတဲ့ လျပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်နိုင်တဲ့ ဂျပန်-ထိုင်း ဖက်စပ် ဂက်စ်တာဘိုင် စက်ရုံကို မြန်မာနိုင်ငံထဲ ရွှေ့ပြောင်းဖို့အတွက် စက်မှုဇုံလုပ်ငန်းရှင်တွေအနေနဲ့ ငွေအရင်းအနှီးစိုက်ထုတ်ပြီး ပူးပေါင်း လုပ်ကိုင်ဖို့လည်းတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

0 comments: