စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, July 10, 2012

ယနေ့နံနက် လွှတ်တော်မှာ တွေ့ရတဲ့ မေစု






by/ ခွန် ဒီးယမ်




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် ရေးရာတွေမှာ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မထားဘဲ တိုင်းပြည် ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာ
ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

လွှတ်တော်တွင်း ဥပဒေ ရေးရာတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင် ဆွေးနွေးဖို့
တရား စီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဖိတ်ခေါ် ပြောကြားစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် က အခုလို ပြောဆိုတာ
ဖြစ်ကြောင်း NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က
ပြောပါတယ်။

တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၊ ဦးသန်းထွန်း နဲ့ အဖွဲ့ဝင်တွေက လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစု ကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့သည် ယနေ့ ကျင်းပသည့် လွှတ်တော်ပြီးဆုံးချိန် တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့သို့တွေ့ဆုံရာတွင် အခုလိုတွေ့ဆုံရတဲ့အတွက် ဘယ်လိုမြင်ပါသလဲဟု ဦးဌေးဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ရန်ကုန်မီဒီယာ ဂရုပ်မှ မေးမြန်းရာ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက " ပူးပေါင်းဆောင်ရွက်ဖို့ ရောက်နေကြတဲ့အတွက် ဘာပြောဖို့လိုနေသေးလဲ ပူးပေါင်းဆောင်ရွက် ဖို့ရောက်နေတဲ့အတွက်ဒါဟာအောင်မြင်မှုပဲ " ဟုပြောကြားသည်။

ဆက်လက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း " အမျိုးသားရင်ကြားစေ့ရေးအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ် ကို ဖြောင့်ဖြောင့်မတ်မတ်နဲ့ ခိုင်ခိုင်မာမာရောက်ရှိရေး လုပ်ဖို့ အရေးကြီးပါတယ် " ဟု ပြန်လည်ပေးကြားခဲ့သည်။

0 comments: