ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မြန်မာအစိုးရနဲ့ လက်ရှိအပစ်အခတ် ရပ်စဲရေးအပါအ၀င်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့် ရောက်ရှိဖို့ လိုအပ်ချက် ၈ ချက်ပါဝင်တဲ့ ထုတ်ပြန်ချက်ကို ဒီကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီထုတ်ပြန်ချက်ကို ၁၅ ကြိမ်မြောက် KNU ညီလာခံအပြီး ပထမဆုံး ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိ အစ်ခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွင်း နိုင်ငံေ၇းဆွေးနွေးမှုတွေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တပြည်လိုံး အတိုင်းအတာ ပစ်ခတ်ရပ်စဲဖို့ အမြန်ဆုံးဆောင်ရွက်ဖို လုပ်အပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကော်မီတီအသစ်ရွေးချယ်တင်မြောက်မှုနဲ့ပတ်သက်ပြီး အသစ်တက်လာတဲ့ ကေအန်ယူအဖွဲရဲ့ နိုင်ရေးရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး မကြာခင်ကမှ ကေအန်ယူ တွဲဖက်အတွင်းရေးမှုး ၂ အဖြစ် ရွေးချယ်ခံရတဲ့ ပဒိုမန်းမန်းကို နော်နိုရင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
DVB
Welcome to SeekaHost
4 weeks ago
0 comments:
Post a Comment