လေဖြန်းသွားသည်ဟု သတင်းထွက်နေသော ပါကစ္စတန်သမ္မတ အဆစ်ဖ်အလီဇာဒါရီသည် ရာထူးနုတ်ထွက်ရန် ကမ်းလှမ်းခြင်းမရှိကြောင်း ၀န်ကြီးချုပ် ယူဆွတ်ဖ်ရာဇာ ဂီလာနီက ဒီဇင်ဘာလ ၁၂ ရက်တွင် ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။
အသက် ၅၆ နှစ်ရှိ ဇာဒါရီသည် နေမကောင်းဖြစ်ကာ ဒီဇင်ဘာလ ၁၇ ရက်က ယူအေအီးသို့ သွားရောက်၍ ဆေးကုသမှုခံယူခဲ့ပြီး လူကြိုက်မှုနည်းသော ဇာဒါရီသည် ကျန်းမာရေးကြောင့် ရာထူးမှနုတ်ထွက်တော့မည်ဟု ကောလာဟလများထွက်ခဲ့သည်။ ပါကစ္စတန်စစ်ဘက်အာဏာကို ကန့်သတ်နိုင်ရန်အတွက် ၎င်း၏အနီးကပ် လက်ထောက်တစ်ဦးက အမေရိကန်ထံ အကူအညီတောင်းရန် ကြိုးစားခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ဇာဒါရီသည် လေဖြန်းခြင်းမရှိဘဲ ကျန်းမာရေး ကောင်းမွန်နေ ကြာင်း၊ အထူးကြပ်မတ်ကုသဆောင်မှ ၎င်း၏အခန်းသို့ ရွှေ့ထားပြီဖြစ်ပြီး နှစ်ပတ်ခန့် ထပ်မံအနားယူရမည်ဖြစ်ကြောင်း ဂီလာနီက ပြောကြားခဲ့သည်။
ဇာဒါရီသည် ကာလရှည်ကြာ နှလုံးဝေဒနာခံစားနေရပြီး ဒူဘိုင်းရှိ အမေရိကန်ဆေးရုံသို့ တက်ရောက်ကုသခြင်းဖြစ်သည်။ လတ်တလောတွင် နှလုံးဖောက်မှုမဖြစ်နိုင်သော်လည်း အနာဂတ်တွင် လေဖြန်းမှုဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ ရာထူးနုတ်ထွက် မည်ဆိုသော ကောလာဟလများကို ဂီလာနီကငြင်းဆိုခဲ့ပြီး လွှတ်တော်တစ်ရပ်လုံး၏ ထောက်ခံမှုရှိနေသော သမ္မတသည် အဘယ်ကြောင့် ရာထူးနုတ်ထွက်ရမည်နည်းဟု ဂီလာနီက ဘီဘီစီသို့ ပြောကြားခဲ့သည်။
Ref:AFP
Welcome to SeekaHost
3 weeks ago
0 comments:
Post a Comment