ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ မြစ်ဆုံအထက်မိုင် ၆၀ ခန့် အကွာ မေခမြစ်ပေါ်ရှိ ၃၄၀၀ မဂ္ဂါဝပ် ရှိသော ချီဖွေရေအား လျှပ်စစ်စီမံကိန်းအား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြေသားလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိ ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
''မေခမြစ်ပေါ်မှာ တည်ဆောက်မှာဖြစ်တဲ့ ချီဖွေ ရေအားလျှပ်စစ်စီမံကိန်းကို စတင်ဖို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီး စီမံကိန်းလုပ်ငန်းတွေ စတင်နေပြီ။ လိုအပ်တဲ့ စက်ယန္တရားတွေလည်း ရောက်နေပါပြီ''ဟု ရေ အားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
သို့ဖြစ်၍ မြစ်ဆုံရေအားလျပ် စစ်စီမံကိန်းမှအပ ကျန်စီမံကိန်း ခြောက်ခုဖြစ်သော ချီဖွေ၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇောနှင့် လိုင်ဇာတို့အား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကာ ယခုစတင်သည့် ချီဖွေရေအား လျှပ်စစ်စီမံကိန်းမှာ ပထမဆုံးလုပ်ဆောင်သည့် ရေအား လျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သည်ဟု သိရှိရပါသည်။
Welcome to SeekaHost
3 weeks ago
0 comments:
Post a Comment