အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့တို့သည် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဇန်န၀ါရီလ ၆ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တစ်နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် မီဒီယာများနှင့် တွေ့ဆုံရာတွင် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က "ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုဟာ အကျိုးရှိတဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ခုပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားများအရေး၊ လူမျိုးစုပဋိပက္ခများအရေး၊ လူ့အခွင့်အရေး၊ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီမိုကရက်တစ်လုပ်ငန်းစဉ်တွေဟာလည်း အရေးကြီးပုံအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ပြီး တရားဝင်ပါတီ ဖြစ်လာတာကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် တိုးတက်မှုတွေထဲမှာ အရေးကြီးတဲ့ ခြေလှမ်းတစ် ရပ်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဒိန်းမတ်နိုင်ငံဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ခရစ်စတီးယန်း ဖရစ်ဘာ့သည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၆ ရက် နေ့မှ ၉ ရက်နေ့အထိ လာရောက် ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ အစိုးရ ဌာန အကြီးအကဲများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားနိုင်ငံရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်တွင် ဒိန်းမတ်နိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ကြည့်ရှုသွားမည်ဟုလည်း သိရသည်။
သတင်းစာဆရာတစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီး ယန်းဖရစ်ဘာ့သည် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ စတင်ထမ်း ဆောင်နေသူဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ဒိန်းမတ်နိုင်ငံသည် ပံ့ပိုးခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်များအတွက် အလှူရှင်များ၏ စုပေါင်းရန်ပုံငွေတွင် ထည့်သွင်းခြင်းအားဖြင့် လည်းကောင်း၊ နိုင်ငံတကာ နှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် စီမံချက်များ ပြုလုပ်ခြင်းအားဖြင့်လည်းကောင်း ပံ့ပိုးကူညီပြီး နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရှိသည်ဟု ဆိုသည်။
Eleven media group
How to Get a Bonus in Pana365 Casino Bangladesh?
2 weeks ago
0 comments:
Post a Comment