စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 18, 2012

မန္တလေးတောင် အားကစားကွင်းက အိုင်စီရှိုးပွဲ ပျက်၊ နိုဘိုတယ် ဟိုတယ်တွင် ပြုလုပ်

မနေ့ညက မန္တလေးတောင် အားကစားကွင်းမှာ ဖျော်ဖြေမယ့် အိုင်းယွန်းခရော့ခ်ရှိုးပွဲကို​နေရာကြောင်းရွှေ့လိုက်တယ်လို့ ​ဒေ​သ​ခံ​တွေ​က​ ​ပြော​ပါ​တယ်​။


ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အိုင်စီအဖွဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ-အိုင်စီ)

နိုဘိုတယ်ဟိုတယ်ကို​ ​ပြောငေ်းရွှ့လိုက်ရတာ ဖြစ်ပြီး အဲဒီ အားကစားကွင်းကို အသုံးပြုခွှင့် မရေတာ့တာလို့ ဒေသခေံတွဆီက သိရပါတယ်။

အဲဒီအတွက် အေသးစိတ် သိရဖို့ အိုင်စီအဖွဲ့က ကိုခင်မောင်သန်းကို ဆက်​သွယ်​ ​မေးကြည့်ရာမှောတာ့ “အဲဒါက ပွဲစီစဉ်သေူတွပဲ သိမှာဗျ။ ကျေန်ာတို့ နေရာပြောင်းသွားတယ်တဲ့၊ နိုဘိုတယ်ဟိုတယ်ကို ပြောင်းလုပ်တယ်တဲ့​ ကျေနာ်​ အဲဒါပဲသိတယ်။”လို့ ​ ​ဖြေဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အဖွဲ့လို့ ပြောလို့ရတဲ့ iron cross(အိုင်စီ)​ ​တေးဂီတအဖွဲ့မှာ လေးဖြူ၊ အငဲ၊ ၀ိုင်းဝိုင်း၊ မျိုးကြီး စတဲ့ နာမည်ကြီး အဆိုတော်တွေ ပါဝင်ပါတယ်။

မန္တလေးတောင် အားကစားကွင်းကို လာမယ့်မတ်လပိုင်းမှာ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်အတွင်းမှာ​ ​ဟောပြောခွင့် လျှောက်ထားပြီးနောက်ပိုင်း မနေ့က ပြုလုပ်မယ့် အိုင်စီရှိုးပွဲ အစီအစဉ်လည်း နဂိုခွင့်ပြုပြီးမှ နေရာ ပြောငေ်းရွှ့လိုက်ရတာ ဖြစ်ပါတယ်။ 

အလားတူ ဒီလ ၄ ရက်နဲ့ ၅ ရက်ေနေ့တွတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်ဟာ နေရာ အခက်အခေဲကြာင့် ပျက်ခဲ့ရပါတယ်။ ဒီခရီးစဉ်အတွင်း ဗထူးအားကစားကွင်းမှာ ဟောပြောခွင့် မရခဲ့တာပါ။ မြန်မာ့ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ဗထူးကွင်းကို အားကစားဖွံ့ဖြေိုးရး လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပဲ အသုံးပြုလို့ရမယ်ဆိုတဲ့ ညွှန်ကြားချက်ေတွေကြာင့် လက်မခံရခြင်း ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီစည်းရုံးရေးခရီးစဉ် မတိုင်ခင် ရက် ၂၀ ကျော်လာက်က အဆိုတော် ၀ိုင်းစုခိုင်သိန်းရဲ့ ရှိုးပွဲကို ဗထူးကွင်းမှာ ကျင်းပခဲ့ပါတယ်။

 ဒီမိုကရက်တစ် မြန်မာ့​အသံ

0 comments: