စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, December 2, 2011

ဒီမိုကရေစီနိုင်ငံ ထူထောင်ရာ တွင် အကျင့် စာရိတ္တအရေးအကြီးကြောင်းကျော်သူပြော


အခုလို ဒေါက်တာဘွဲ့ ချီးမြှင့်ခံရပြီးနောက် မှာ ဘာတွေဆက်လုပ်ဖို့စီစဉ်ထားပါသလဲ။ ပရဟိတ လုပ်ငန်းက လုပ်တာလုပ် နေတာပါပဲ။ အခု ပခုက္ကူရေဘေးဆိုလည်း ရေဘေး ကယ်ဆယ်ရေးတွေသွားဖို့ ဒီက အသင်းသားတွေ လွှတ်ထားတယ်။ ဒုက္ခ သည်တွေ နေရေး၊ စားရေးနဲ့ ဒုက္ခရောက် တဲ့အတွက် ငွေလှူဖို့ ကြိုးစားနေတယ်။ သဘာဝ ဘေးဒဏ်တွေကိုလည်း ကူညီ သွားမယ်။ လူမှုရေးအသင်းအဖွဲ့ ဖြစ်တဲ့ အတွက်ပေါ့။ ဒါ နိုင်ငံရေး၊ စစ်ရေးကို နှောင့် ယှက်တာမဟုတ်ပါဘူး။

အရင်ကနဲ့ အခု လူမှုရေးလုပ်တဲ့အခါ ဘာ တွေ ကွာခြားလဲ။

အခက်အခဲကတော့ ကျွန်တော်တို့ လူမှုရေး လောကအတွက် သိပ်တော့မထူး ခြားပါဘူး။ အရင်ကနဲ့အခု ဘာမှ သိပ် မထူးခြားဘူး။ မထူးခြားဘူးဆိုတာက အခု ဆေးခန်း၊ မျက်စိဆေးခန်း၊ မျက်စိခွဲစိတ် ခန်း လုပ်ထားတာ ဆယ်လကျော်လာပြီ။ ခွဲစိတ်ကိရိယာတွေကလည်း အသစ်တွေကို နိုင်ငံခြားကနေ မှာထားရတာ။ ခွဲစိတ် ကိရိယာတွေလည်းရောက်နေပြီ။ ခွဲစိတ်ခန်း လည်း အဆင်သင့်ဖြစ်နေပြီ။ ခွဲခွင့်မပေး သေးဘူး။ အဲဒါက ကျွန်တော်တို့တော့ ဘာမှ မဖြစ်ဘူး။ ပြည်သူတွေရဲ့ အလှူငွေ တွေ အလဟဿ ဖြစ်တယ်။ ပြီးတော့ ခွဲ စိတ်ရမယ့် လူနာတွေ ကြန့်ကြာတယ်။ အများပြည်သူတွေတွေပဲ ထိခိုက်တာပေါ့။ ပြီးတော့ လက်ရှိဖွင့်ထားတဲ့ သုခကုသိုလ် ဖြစ်ဆေးခန်းကို တရားဝင်ဖွင့်ခွင့်မပေးဘူး။ ပထမ တစ်ခါတုန်းက ဖွင့်တယ်။ ၃ ရက်ပဲ ဖွင့်ခွင့်ရတယ်။ ပြီးတော့ ပြန်ပိတ်လိုက်ရ တယ်။ ငါးလလောက် အပိတ်ခံရလိုက် တယ်။ ခုကျတော့ ဖွင့်ခွင့်ပြုပြု မပြုပြု ဖွင့်ပွဲနဲ့ ၂၇ ရက်နေ့မှာ သုခကုသိုလ်ဖြစ် ဆေးခန်း ကြီးကို ဖွင့်သွားမှာပါ။ အခုကတော့ ကုပေး နေပါပြီ။ ဖွင့်ပွဲအခမ်းအနား မလုပ်ရသေး တာပါ။ ကျွန်တော်တို့အသင်း မှတ်ပုံတင် မကျသေးဘူးလေ။ မှတ်ပုံတင်မကျသေးတဲ့ အတွက် ကျန်တဲ့ကိစ္စလေးတွေကို ထည့် မစဉ်းစားဘူး။ မှတ်ပုံတင်ထားတာလည်း ကြာပြီ။ ချပေးမယ်ဆိုပြီး အခုထိ ချမပေး ဘူး။ အစိုးရအနေနဲ့ တိုင်းပြည်ပြောင်းလဲ မှုတွေကို လုပ်တယ်ဆိုပေမယ့် လူမှုရေး အသင်းအဖွဲ့တွေအတွက် ဘာမှလုပ်မပေး ဘူး။

အခုလို အခက်အခဲတွေကြားကနေ လုပ်နေ ရတဲ့အပေါ် ဘာများပြောချင်ပါလဲ။

ကျွန်တော်ပြောချင်တာကတော့ မှတ်ပုံ တင် အမြန်ချပေးဖို့၊ လူမှုရေး အဖွဲ့အစည်း တွေရဲ့ လုပ်ဆောင်ချက်တွေကို ဟန့်တားဖို့ မလုပ်နဲ့။ ဥပမာ ကျွန်တော်တို့ ပခုက္ကူကို ရေဘေးကယ်ဆယ်ရေး သွားတယ်။ သွား တဲ့အခါမှာ နာရေးကူညီမှုအသင်းက လာ တယ်ဆိုရင် စက်လှေက ငှားလို့ မရဘူး။ ဒီလို ပြဿနာတွေရှိတယ်။ ကျွန်တော်တို့ သတင်းကြားတာနဲ့ တိုင်းဒေသကြီးကို သွားပြီးတော့ အကြောင်းကြားရတယ်။ ဒီလိုတွေ ဖြစ်နေပြန်ပြီ။ လုပ်ပေးပါဦး။ လူမှုရေးသမားတွေကို နည်းနည်းပါးပါး ဦးစားပေးပြီးတော့ လုပ်ပေးဖို့ လိုတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ စစ်မှန်တဲ့ ဒီမို ကရေစီ စည်းစနစ်ကျတဲ့ ဒီမိုကရေစီ ထူ ထောင်မယ်ဆိုရင် လူမှုရေးအသင်းအဖွဲ့တွေ က အဓိကကျတဲ့အတွက် လူမှုရေးအသင်း အဖွဲ့တွေကိုတော့ဥပေက္ခာပြုထားလို့တော့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေး ကောက်ပွဲ ဝင်မယ့်အပေါ် ကိုကျော်သူရဲ့ အမြင်ကရော ..... ဒေါ်စုဆိုလည်းတကယ့်ကို စွန့်လွှတ်မ တွေ မြောက်မြားစွာနဲ့ စွန့်ပြီးတော့ မြန်မာ ပြည်သူတွေအတွက် လာနေတာပါ။ သူ လုပ်တဲ့ လုပ်ငန်းတိုင်းက အများအတွက် လုပ်တယ်ဆိုတာကို ကျွန်တော် ယုံကြည် တယ်။

NLD ပါတီ လွှတ်တော်မှာ ပါဝင်လာ ခဲ့ရင်ရော ဘာတွေ ပြောင်းလဲလာမယ်လို့ မြင်ပါသလဲ။

အရွေးခံရတဲ့ပုဂ္ဂိုလ်တွေကရော ဒီလွှတ် တော်ထဲမှာ ပြောခွင့်ရမလား။ ပြောခွင့်ရရင် ရော ပြောရဲမလား။ အများပြည်သူတွေရဲ့ တွေ့ကြုံနေရတဲ့ဒုက္ခတွေကိုပေါ့။ ပြောခဲ့ရင် ရော အရေးတယူ လုပ်ကြမှာလား။ ဒီဘက် က တင်ပြတောင်းဆိုတဲ့ ဟာကို မှန်မှန် ကန်ကန်နဲ့ ဆုံးဖြတ်ပေးရင်တော့ အတိုင်း ထက် အလွန်ပေါ့။

နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ဖော် ဆောင်ဖို့ ဘယ်အရာက အဓိကကျမယ်လို့ ကိုကျော်သူ ထင်ပါသလဲ။

နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီစနစ် ထူ ထောင်တဲ့နေရာမှာ လူတွေရဲ့ အကျင့် စာရိတ္တက အရေးအကြီးဆုံးပဲ။ မြန်မာပြည် မှာ ဒီမိုကရေစီစနစ်ထူထောင်ရင် လူတွေရဲ့ အကျင့်စာရိတ္တတွေက အရေးကြီးတယ်။ ကိုယ်ကျိုးမဖက်တဲ့ဟာလုပ်ရမယ်။ အများ အကျိုးကို ထမ်းဆောင်တဲ့လူ လုပ်ရမယ်။ သီလ လုံရမယ်ပေါ့။ အများပြည်သူက အကျင့်စာရိတ္တတွေ ပျက်စီးနေမယ်ဆိုရင် ဒီထဲက တင်မြှောက်တဲ့ ခေါင်းဆောင်က လည်း ဘယ်ကောင်းနိုင်မလဲ။ အဓိကçက တော့ အကျင့်ဆိုးတွေ ပျောက်ရမှာပေါ့။

ကိုကျော်သူက သရုပ်ဆောင်မှု အနုပညာနဲ့ အကယ်ဒမီရခဲ့တယ်။ အခုလူမှုရေးလုပ်ငန်း တွေလုပ်တော့ ဒေါက်တာဘွဲ့ရတယ်ဆို တော့ ကိုကျော်သူကို ဘယ်လိုခေါ်ရမလဲ။

ကျော်သူက ကျော်သူပါပဲ။ ကလေး ငယ်တွေကလည်း ကျော်သူခေါ်တာပါပဲ။ ဒေါက်တာတွေ ဘာတွေလည်း မလိုချင်ပါ ဘူး။ဒေါက်တာတပ်ခေါ်တာကိုလည်း ကျွန် တော် မနှစ်မြို့ပါဘူး။ ကျော်သူက ကျော်သူ ပါပဲ။ လူက လူပဲ။ လူအလုပ်လုပ်နေတဲ့ အတွက် လူတစ်ယောက်လို့ပဲ ခေါ်လို့ရ တယ်။ 'ဟ့ကောင်'လို့ ခေါ်လည်းရတယ်။ ဒါကတော့ ကျွန်တော်တို့က လူသားပီသ စွာ နဲ့ အားလုံးကို နားလည်ပေးရမှာပါပဲ။

0 comments: