စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 4, 2011

လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေပြဌာန်း

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၁၅) ကို ( ၃ ) နေ့က ပြဌာန်းလိုက်ပါတယ်။

ဒီဥပဒေသစ်အရ ဆန္ဒပြလိုသူတွေဟာ ရဲအဖွဲ့မှာ ၅ ရက်ကြိုတင် ခွင့်ပြုချက် လျှောက်ထားရမှာ ဖြစ်ပြီး လျှောက်တဲ့အခါမှာ ဆန္ဒပြမယ့်သူ ဦးရေ၊ ဆန္ဒပြလိုတဲ့ ရည်ရွယ်ချက် စတာတွေကိုပါ ထည့်သွင်းဖောပြပြီး လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေ ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်း က RFA ကို အခုလို ပြောပြပါတယ်။

“ယခင်က မရဖူးတဲ့ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပေါ့ဗျာ။ ဟိုတုန်းက ငါးယောက်ထက် စုဝေးခွင့် မရှိ ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေနဲ့စာရင်တော့ ငါးယောက်မက စုဝေးနိုင်တယ်ဆိုတဲ့ အခွင့်အလမ်းတော့ ရှိတာပေါ့။ ဒါပေမယ့် တဖက်ကလည်း လျှောက်ထားလာတဲ့ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကို ငြင်းပယ်နိုင်တယ် ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ပေးထားပြန်တော့ ဒါတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကန့်သတ်ချုပ်ချယ်ထားတဲ့ မူတရပ်လို့ပဲ ပြောချင်ပါတယ်”

ဒီဥပဒေ ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ ဦးအောင်သိန်းက အခုလိုပြောပါတယ်။

“ငါးရက်ကြိုတင် လျှောက်ရမှာတို့၊ လူဦးရေစာရင်း ဖော်ပြရမှာတို့၊ ပြောမယ့်ဟောမယ့်သူနဲ့ လျှောက်ထားသူရဲ့ ကိုယ်ရေးရာဇဝင်တွေ ပေးရမှာတို့ ဆိုတာတွေဟာ ဒီမိုကရေစီ နိုင်ငံတွေမှာတော့ အဲဒါတွေဟာ ကျင့်စဉ်တခုအနေနဲ့ ရှိနေသလားတော့ မသိဘူးပေါ့။ အဲဒီဟာတွေကို ကျနော်တို့က အတုယူပြီးလုပ်တာလား ဒါမှမဟုတ် အဲဒီ ဒီမိုကရေစီ နိုင်ငံတွေမှာ မရှိတဲ့ဟာတွေကို လုံခြုံရေးအခြေခံကို အဓိက ထားပြီးတော့ စည်းမျဉ်းဥပဒေ ရေးဆွဲတဲ့သဘောလားတော့လည်း မပြောနိုင်ဘူးပေါ့”

0 comments: