စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, December 3, 2011

NLDပါတီနှင့်ပူးပေါင်းရန် မဖြစ်နိုင်သေး ကြောင်း ဦးသိန်းညွန့် ပြောကြား



အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် NLDမှတ်ပုံတင်ပါက မိမိတို့ပါတီအား ဖျက်သိမ်း၍ NLD နှင့် ပြန်လည် ပူးပေါင်းမည်ဟု ကြေညာခဲ့သော်လည်း လတ်တလော အခြေအနေများ အရ ဖြစ်နိုင်ချေနည်း ပါးနေကြောင်း အမျိုး သားဒီမိုကရေ စီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ကVenus News သို့ ပြောသည်။

"ပြည်တွင်းဂျာနယ်တွေနဲ့ ပြည်ပသတင်းဌာနတွေရဲ့တွေ့ဆုံခန်းတွေမှာ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ရဲ့ ပြောကြား ချက်တွေအရ ကျွန်တော်တို့ကို ပါတီစည်းမျဉ်းအရ အရေးယူမှုတွေ လုပ်မယ်လို့ ပြောလာတယ်။ ကျွန်တော်တို့က NLDကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး။ နှစ် ၂၀ ကျော်ထိ ပါတီသက်တမ်းတစ်လျှောက်လုံးNLD အပေါ်သစ္စာ ရှိခဲ့တာ။

အခု ဦးဝင်းတင်နဲ့ ဦးတင်ဦး တို့အပြောအရ ဆိုရင် ပြန်လည်ပေါင်းစည်းဖို့ကိုစဉ်းစားရတော့မယ်။ ကျွန်တော အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲထဲက ဒီ နိုင်ငံရေး ဖြစ်စဉ်ထဲကို ဒေါ်အောင်ဆန်း စုကြည် ပါဝင်လာဖို့ ဖိတ်ခေါ်ခဲ့တယ်"ဟု ဦးသိန်းညွန့်ကပြောသည်။

"ဦးဝင်းတင်နဲ့ ဦးတင်ဦး ပြောစကား တွေအရ ကျွန်တော်ဟာ ပါတီ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်မှု ရှိ၊ မရှိ ပြန်လည် သုံးသပ်မယ်လို့ သိရတယ်။ ကျွန် တော်တို့က ခွဲထွက်သွားတဲ့လူလို့ သူတို့က သတ်မှတ်တယ်။ ကျွန်တော်က ပါတီစည်း မျဉ်းစည်းကမ်းကို ချိုးဖောက်တာ မဟုတ် ဘူး။ ဥပဒေကို နာခံတာ၊ အဲဒီ့အချိန်က မှတ်ပုံမတင်ရင် ပါတီ ဖျက်သိမ်းပြီးသား ဖြစ်မယ်ဆိုလို့ ရွေးကောက်ပွဲ လမ်းကြောင်း ကိုရွေးခဲ့တာ"ဟုဦးသိန်းညွန့်ကပြောသည်။

အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ ရည်ရွယ်ချက် ၃ ခုဖြစ်သော အမျိုးသား ပြန်လည်သင့် မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ကိစ္စများတွင်NLD ပါတီ ၏ သဘောထားနှင့် တူညီတိုက်ဆိုင်သော ကြောင့် ပြန်လည်ပူးပေါင်းမည်ဟု ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းညွန့်က ဆို သည်။ ဒါက ညှိနှိုင်းမှုများပြုလုပ်ပြီး အသေးစိတ်အခြေအနေများကို ဆွေးနွေး သွားရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌက ထပ်မံပြောသည်။ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ လုပ် နိုင်မယ့်နည်းလမ်းက နှစ်ခုပဲ စဉ်းစားထား တယ်။ လွှတ်တော်ထဲကိုNLD ရောက် လာရင် တိုင်းပြည်အကျိုးရှိမယ့်ကိစ္စတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်။ ရွေးကောက် ပွဲမှာ ထိပ်တိုက်မဖြစ်အောင်ညှိနှိုင်းမယ်။ အဲ့ဒီ ၂ ချက်ကိုတော့ စဉ်းစားထားပါ တယ်" ဟု ဦးသိန်းညွန့်ကပြောသည်။ "စည်းမျဉ်း စည်းကမ်းနဲ့ ပြောပြီးတော့ အပေါ်စီးကနေ ဆက်ဆံမယ်ဆိုရင် ကျွန် တော့်ဘက်ကလည်း ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်မျက်နှာ၊ ပြည်သူ့ မျက်နှာကိုငှဲ့ပေမယ့် ပြန်စဉ်းစားရ မယ်။ မြန်မာပြည်နိုင်ငံရေးက မူလည်း အရေးကြီးသလို၊လူလည်းအရေးကြီးတယ်။ ကိုယ်က ပုဆိုးမလုံဘဲနဲ့ အခြားလူကို ပုဆိုး လုံရမယ်လို့ တောင်းဆိုလို့မရဘူး"ဟု ဦး သိန်းညွန့်က ဆိုသည်။

၎င်း၏ မဲဆန္ဒနယ် ဖြစ်သော သင်္ဃန်းကျွန်းပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပေါင်း စည်းရန် ဆန္ဒရှိသော်လည်း တစ်ဖက်က စည်းမျဉ်းစည်းကမ်းနှင့် ကိုင်ပေါက်သည်ဟု ဦးသိန်းညွန့်က ယူဆသည်။ " အခု NLD ပါတီက တင်လိုက်တဲ့ ၂၁ ဦးထဲမှာ အရင်က လွှတ်တော် ကိုယ် စားလှယ်တွေ၊ ပါတီဝင်အဖြစ်မှ နုတ်ထွက် ခဲ့သူတွေကို ဗဟိုအလုပ်အမှုဆောင်ပြန်ပေး ထားတယ်။ နောက်တစ်ယောက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ တွေ့ဆုံ ဆွေးနွေးလို့ရတယ်လို့ ပြောခဲ့တဲ့သူ၊ ကျွန် တော်တို့ ဒေါ်စုပါမှရမယ်လို့ ပြောခဲ့တယ်" ဟု ၄င်းကဆက်လက်ပြောသည်။ အမျိုးသားဒီမိုကရေစီပါတီသစ်ကို ဦးဆောင်တည်ထောင်သူ အများစုသည် NLD စတင်တည် ထောင်စကာလမှစ၍ ၂၀၁၀ ရွေး ကောက်ပွဲမတိုင်မှီ ကာလအထိ NLDပါတီဝင်များအဖြစ်ရပ်တည်ခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါဝင် ယှဉ်ပြိုင်ခြင်းမပြုသဖြင့် ၄င်းပါတီမှ ခွဲထွက် ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF အမည်ဖြင့်ရွေးကောက်ပွဲဝင်ခဲ့သည်။ ရွေးကောက်ပွဲနောက်ပိုင်း ကာလများ တွင် NDF ပါတီမှဦးသိန်းညွန့်အား ပါတီ စည်းမျဉ်းများ ကျော်လွန်ပြောဆိုသည့် အကြောင်းပြချက်ဖြင့် ပါတီမှထုတ်ပယ်ခဲ့ သဖြင့် ဦးသိန်းညွန့်ဦးဆောင်၍ အမျိုးသား ဒီမိုကရေစီပါတီသစ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထက်နိုင်ဇော်၊ မင်းဟိန်းကျော်

0 comments: