စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, December 3, 2011

ဈေးလျှော့ရောင်းသော ယမကာ သတိပြုပါ

အရက်၊ ဘီယာနှင့် ဝိုင် စသည့် ဈေးနှုန်းကြီး ပုလင်းများအား အခွန်တံဆိပ် ခွာယူထားပြီး ပုလင်း အတုများတွင် ကပ်နှိပ် ရောင်းချခြင်းများ ရှိနေ သောကြောင့် စားသုံးသူများ အနေဖြင့် ဈေးလျှော့ရောင်း ချခြင်းများကို သတိထား ဝယ်ယူသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အချို့ ဆိုင်ကြီးတွေမှာ ဒီလုပ် ရပ်တွေ လုပ်နေတယ် ဆိုတာသိရတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဖို့ လုပ်နေပါတယ်။ ဒီလုပ်ရပ်က အမှန်တကယ် ထုတ်လုပ်သူနဲ့ စားသုံး သူအပါအဝင် နိုင်ငံဘဏ္ဍာအတွက် ပါ ထိခိုက်ပါတယ်။ စားသောက်သူ တွေအနေနဲ့လည်း ဈေးလျှော့ပေး တယ်ဆိုပြီး အခွန်ရှောင်ထားတာ တွေကို သတိထားဖို့ လိုပါတယ်။

ဝယ်ယူသုံးစွဲမှု နည်းတာနဲ့အမျှ မရှိ တော့ဘူးဆိုရင်ကွယ်ပျောက်သွားမှာ ပါဟုအထက်ပါပုဂ္ဂိုလ်ကဆိုသည်။ ထို့ကြောင့် အခွန်တံဆိပ်များ ပါဝင်သည့် စားသောက်ကုန် များအား ဝယ်ယူသုံးစွဲပြီးပါက အခွန် တံဆိပ် များကို ဖျောက်ဖျက်သင့်ကြောင်း လက်ရှိတွင် အခွန်ဥပဒေသတ်မှတ် ချက်နှင့် မညီညွတ်သော ကုန်ပစ္စည်း များကို လိုက်လံသိမ်း ဆည်းသွား မည်ဖြစ်ပြီး သိမ်းဆည်းကာလ တစ် လကျော်သည့်အချိန်ထိ အခွန်လာ ဆောင်ခြင်းမရှိပါက ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည်ဟု သိရ သည်။

FDA ရဲ့ ခွင့်ပြုချက်ရမှ အခွန် တံဆိပ် ကပ်ထားတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတုတွေ ဈေးကွက်ထဲမှာ ပပျောက်သွားစေ ချင်တဲ့ ရည်ရွယ်ချက်ပါ ဟု ၄င်း က ထပ်လောင်းဆိုသည်။ အဆိုပါ စားသောက်ကုန်များ စစ်ဆေးရာတွင် အရက်ချက်စက်ရုံ၊ ပုလင်းသွင်းစက်ရုံ၊ စတိုးဆိုင်၊ ကုန် စုံဆိုင်နှင့် ဈေးဝယ် စင်တာကြီးများ အား ပြည်တွင်းအခွန်မှ ဦးဆောင်ပြီး YCDC ၊ ရဲတပ်ဖွဲ့များ၏ ကိုယ်စား လှယ်များမှ ကွင်းဆင်းစစ်ဆေးအရေး ယူနေကြောင်းသိရသည်။

0 comments: