စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, December 2, 2011

သင်္ဃန်းကျွန်းဈေး ပြေလည်မှု မရှိပါက စီတန်း လှည့်လည်ခွင့် ဥပဒေ စတင် အသုံးပြုမည်ဟု ဆို


မီးလောင်ကျွမ်းသွားသော သင်္ဃန်းကျွန်းဈေးနေရာတွင် ပြန်လည် တည် ဆောက်ထားသောဈေးသစ်ကြီးတွင် မူလဈေးသည်များအား ပြန်လည်နေရာချထား မှုမှာ မပြေလည်မှုများရှိနေသဖြင့် ၄င်းကိစ္စအား သက်ဆိုင် ရာမှ ပြေ လည်အောင် မဖြေရှင်းပေး ပါက မိမိဦးဆောင်၍ စီတန်းလှည့်လည်ခွင့်ဥပဒေအရ ဆန္ဒပြတောင်း ဆိုမှု ပြုလုပ် မည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်ကပြောသည်။

"သင်္ဃန်းကျွန်းဈေးကို ပြန်လည်နေရာချတဲ့အခါ မြေညီထပ်နဲ့ မြေအောက်ထပ် ဆိုပြီး ရောင်းချတဲ့ပစ္စည်းအမျိုးအစားအလိုက် ခွဲပြီးနေရာချတဲ့အတွက် အချို့ ဈေး သည်တွေမှာ နစ်နာမှုတွေရှိလာတယ်။ အဲဒါကြောင့် ဈေးသူ၊ ဈေးသားတွေက ကျွန်တော့်ကို လာပြောတဲ့အခါ သမ္မတကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ ... ပုဂ္ဂိုလ်တွေကို စာပို့ထားပါပြီ။ ဒါကိုမှ ဒီကိစ္စကို သက်ဆိုင်ရာက ပြေလည် အောင် မရှင်းပေးဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းလိုက်တဲ့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို အသုံးချပြီး ကျွန်တော် ဦးဆောင်ဆန္ဒဖော်ထုတ်ပါမယ်"
ဟု ဦးသိန်းညွန့်ကပြောသည်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် မီးလောင်ကျွမ်းခဲ့သော သင်္ဃန်းကျွန်းဈေးနေရာတွင် ယခုအခါ အသစ်ဆောက်လုပ်ပြီးစီးရန် အနည်းငယ်သာကျန်ရှိတော့သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဈေးများဌာ နမှ ဆိုင်ခန်းများခွဲဝေနေရာချထား ပေးခဲ့သည်။ မူလမြေညီထပ်တွင်ပင် ဆိုင်ခန်းပေါင်း ၇၈၆ ခန်းအား နေရာချထား ပေးရန် စီစဉ်ခဲ့သော်လည်း ဒီဇီုင်းပြောင်း တည်ဆောက်ခဲ့ခြင်းကြောင့် မူလက ကားရပ်နား နေရာအဖြစ်သတ်မှတ်ထားသည့် မြေအောက်ထပ်တွင်ပါ ဈေး ဆိုင်ခန်းများတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဈေးများဌာန၏ ထုတ်ပြန် ချက်တစ်ခုတွင် ဖော်ပြသည်။

"အခုဆိုင်ခန်းတွေ နေရာချတာဟာ ဈေးများဌာနက သူ့သဘောနဲ့သူ လုပ်ခဲ့တာ၊ ကျွန်တော်တို့ကိုခေါ်ပြီး တိုင်ပင်အသိပေးတာလည်း မရှိဘူး။ နောက်ပြီး သူတို့က ၇၄၇ ဦးသဘောတူလက်မှတ်ထိုးတယ် ပြောတယ်။ အမှန်က ဒါကို သဘောတူလို့မဟုတ်ဘူး။ ဆိုင်ခန်းနဲ့ ကုန်ပစ္စည်း မှန်၊ မမှန် လက်မှတ်ထိုးပါဆိုလို့ထိုးရတာ။ ကျွန်တော်တို့က အရင်လူကြီးတွေ ပြောခဲ့တဲ့ အတိုင်းဆိုင် ခန်းအားလုံးကို မြေညီထပ်မှာပဲ ပြန်နေရာပေးစေ ချင်တယ်"
ဟု သင်္ဃန်းကျွန်းဈေးသာယာရေးကော်မတီဝင် ဦးကြင်သိန်းက ပြောသည်။ အဆိုပါကိစ္စရပ်အား အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၃ ရက်နေ့ တို့တွင် နိုင်ငံတော်သမ္မတ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အထူးစုံစမ်း စစ်ဆေး ရေးဦးစီးဌာနနှင့် သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော် ကိုယ်စား လှယ်များထံသို့ နစ်နာသူ ဈေးဆိုင်ပိုင်ရှင်များမှ တိုင်ကြားစာများ ပေးပို့ခဲ့ သည်။

0 comments: