စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, December 2, 2011

သမ္မတဟောင်း အာရိုယို လူအစုလိုက် အပြုံလိုက် သတ်မှုဖြင့် တရားစွဲခံရမည်



ရွေးကောက်ပွဲ မဲလိမ်မှုများ၊ လာဘ်စားမှုများဖြင့် ဖမ်းဆီးခံထားရသော ဖိလစ်ပိုင် သမ္မတဟောင်းး အာရိုယိုကို လွန်ခဲ့ သော ၂ နှစ်က ဖိလစ်ပိုင်၌ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွင် ပတ်သတ် ခဲ့သဖြင့် သေဆုံးသွားသူ များ၏ဆွေမျိုးများက တရားစွဲရန် ပြင်ဆင်လျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယို သည် ၄င်းသမ္မတရာထူးထမ်းဆောင်စဉ် က လာဘ်စားမှုများရှိခဲ့သည်ဟူ၍ တရားစွဲဆိုမှုခံနေရပြီး ၂၀ဝ၇ ခုနှစ် ဖိလစ်ပိုင်ပါလီမန်ရွေးကောက်ပွဲတွင် လည်း မသမာမှုများ ကျူးလွန်ခဲ့သည် ဟူသော စွပ်စွဲချက်များဖြင့် တရားစွဲဆို ခံနေရသည်။ ယခုထပ်မံ၍ လွန်ခဲ့သော ၂ နှစ် ခန့်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မက်ဂွင်ဒါနွိုင်ပြည်နယ်တွင်း ပြည်နယ် ခေါင်းဆောင် အမ်ပါတူအန် မိသားစုက ဒေသအဆင့် ရွေးကောက်ပွဲတွင် ၄င်း၏ နိုင်ငံရေးပြိုင်ဘက်များကို အသာရစေရန် ဂျာနယ်လစ်များအပါအဝင် လူ ၅၇ ဦးကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံရသည်။

ယင်းအစုလိုက် အပြုံလိုက် လူသတ်မှုကို ကျူးလွန်ခဲ့သော ပြည်နယ် ခေါင်းဆောင်အမ်ပါတူအန်မိသားစုကို ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုက လက်နက်များတပ်ဆင်ပေးခဲ့ခြင်း၊ ၄င်းမိသားစု၏ ကိုယ်ပိုင်စစ်တပ်ကို တရားဝင်ရပ်တည်ခွင့်ပေးခဲ့ခြင်း၊ နိုင်ငံရေးအရ ထောက်ပံ့ပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရရှေ့နေ များက စွပ်စွဲထားသည်။

ထို့အပြင် လွန်ခဲ့သော ၂ နှစ်က လူအစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်ပွား စဉ် အဆိုပါပြည်နယ်ခေါင်းဆောင် အမ်ပါတူအန်မှာ သမ္မတအာရိုယိုနှင့် ညွန့်ပေါင်းဖွဲ့ထားခဲ့သည်။ အရိုးရောဂါခံစားနေရသော ဖိလစ်ပိုင် သမ္မတဟောင်း အာရိုယိုသည် လာဘ်စား မှု၊ ပါလီမန်ရွေးကောက်ပွဲ မဲလိမ်မှုတို့ ကြောင့်ပြည်ပသို့ ဆေးကုသခွင့်ကို ပိတ် ပင်ခံထားရပြီး လွန်ခဲ့သော သီတင်းပတ် ခန့်က ဆေးရုံတွင်တက်ရောက်ကုသမှု ခံယူနေစဉ် ဖိလစ်ပိုင်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ အာရိုယိုသည် ယခု စွပ်စွဲခံထားရသော ပြစ်မှုများအပြင် သူသမ္မတရာထူးထမ်းဆောင်ခဲ့သည့် ၂၀ဝ၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း အခြားသောလာဘ်စားမှုများရှိခဲ့သည် ဟူသော စွပ်စွဲချက်များဖြင့် ထပ်မံ တရားစွဲဆိုခံရနိုင်ဖွယ်ရှိသည်။ ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယို ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆို ထားသည်။

0 comments: