စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, March 5, 2012

ယနေ့ နေ့လည် ၁ နာရီတွင် ဘန်ကောက်၌ နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်

ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)၊ နန့်ဘွာဘွာဖန်းဖေ့စ်ဘွတ်ခ်

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မြန်မာအစိုးရတို့အကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယခုလဆန်း ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့ မွန်းလွှဲ ၁ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ပြုလုပ်ခဲ့ပြီး ကွန်ဖရင့်၏ ပြောရေးဆိုခွင့်အဖွဲ့မှ နမ့်ဇိုယာဖန်း၊ နော်ကညောဖောနှင့် စောကက်နက်မိုးတို့က နိုင်ငံတကာသတင်းဌာနများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၄ ရက်ကြာ ပြုလုပ်ခဲ့သည့် နိုင်ငံတကာကရင်အမျိုးသားကွန်ဖရင့်တွင် နိုင်ငံတကာမှ ကရင်အမျိုးသား ၁၆၇ ဦး တက်ရောက်ခဲ့ကြပြီး KNU မှ ဆောက်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမည်ခံငြိမ်းချမ်းရေးမဟုတ်ဘဲ ထာဝရတည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကရင်အမျိုးသားများက အချက် ၁၂ ချက်ပါ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ကွန်ဖရင့်မှ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များထဲတွင် KNU နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အဆင့်များတွင် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများမှ ၀ိုင်းဝန်းပံ့ပိုးသွားမည့် အစီအစဉ်တရပ် ပါရှိသည်။



0 comments: