စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, March 5, 2012

ပြည်ထဲရေးဝန်ကြီး နဲ့ ရဲချုပ်ကို လက်တို့ပေးပါ


ကျေးဇူးပြုပြီးပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်သိအောင် ပြောပေးကြပေးပါခင်မျာ.၊ ကျွန်တော်က ရှမ်းပြည်နယ်
တောင်ကြီးခရိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်၊

ပြောချင်တာကတော့ လစာငွေတွေကို မတရားဖြတ်တောက်နေခြင်း အကြောင်းပါပဲ၊

ဘယ်ဆီနေမှန်းမသိတဲ့ လစာတိုးပေးမယ်ဆိုတဲ့ မှုန်ဝါးဝါးရည်မှန်းချက်ကိုစောင့်နေရင်းကြားက
ပြည်နယ်ရုံး၊ ခရိုင်ရုံးတို့က ၄င်းတို့ရဲ့ တယ်လီဖုန်း ဘီလ်ကြေး၊ကွန်ပျူတာကြေး၊မီတာကြေး ဆိုပြီးတော့ ခေါင်းစဉ်အမျိုးမျိုးဖြင့် ကျနော်တို့အောက်လက်ငယ်သားတွေရဲ့ လစာငွေတွေကို
အတင်းဖြတ်တောက်နေပါတယ်၊ လကျနော်ဆိုရင် လစာ(၄)သောင်းကျပ်လောက်ရပါတယ်၊

ရုံးနှစ်ရုံးကဖြတ်ပြီးတဲ့အခါမှာတော့ ကျနော့်ရဲ့လစာငွေဟာ (၂)သောင်းလောက်ပဲ ထုတ်ရပါတော့တယ်၊

ဒီနှစ်သောင်းနှင့်ကျနော်တို့မိသားစု တစ်လလုံးလုံး လူမှုရေး၊ကျန်းမာရေး၊ ကလေးတွေရဲ့ကျောင်းစရိတ်၊စားဝတ်နေရေး တွေကို ဘယ်လိုလုပ်ပြီးဖြေရှင်းရမလဲဆိုတာမသိတော့ပါဘူး၊

ဒီတစ်ခါတည်းမဟုတ်ပါဘူး လစဉ်လတိုင်းကိုဖြတ်တောက်နေတာပါပဲ၊ လက်ရှိကာလမှာ ၀န်ထမ်းအားလုံး ဆင်းရဲဒုက္ခရောက်နေကြပါတယ်၊ သီးမခံနိုင်တော့ လို့ဒီစာကိုရေးလိုက်ရတာပါ ၊ကျေးဇူး တင်ပါတယ်။

ဧရာဝတီ

0 comments: