စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, March 2, 2012

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
ဒီမြို့မှာ ၀ိညာဉ်တွေ ကျပျောက်သွားတယ်
ဒီမြို့မှာ မျက်ရည်တွေ ပင်လယ်ဖြစ်သွားတယ်
ဒီမြို့မှာ အမှန်တရား ကခုန်ခဲ့တယ်
ဒီမြို့မှာ မိတ်ဆွေတွေ ရန်သူသွားဖြစ်သွားတယ်
ဒီမြို့မှာ ငါ မဖော်ပြနိုင်ခဲ့တာတွေ အများကြီး ရှိတယ်။

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
ဒီမြို့မှာ သားရဲတွင်းတွေ ရှိနေဆဲ
ဒီမြို့မှာ မြေခွေးတွေ ပျော်နေဆဲ
ဒီမြို့မှာ အပြုံးတွေရဲ့အောက် အစွယ်တွေက မြနေဆဲ
ဒီမြို့မှာ တယောက်ထဲ လမ်းထွက်ဖို့ ကြောက်နေဆဲ
ဒီမြို့မှာ ငါမသိတဲ့ ပဟေဠိတွေ လမ်းလျှောက်နေတုန်း ဖြစ်တယ်။

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
မသိခြင်းတွေကို ရူးချင်ယောင်ဆောင်ခြင်းနဲ့ ပေါင်းစပ်ဖို့
ရာဇ၀တ်မှုတွေကို မျက်လုံးကန်းနဲ့ ကြည့်တတ်ဖို့
ပုရွက်ဆိတ်တွင်းထဲက အလင်းရောင်ကို နေထင်ဖို့
ငါလေ
နွားဘ၀နဲ့ သာယာမှုမျိုး
ရန်ကုန်မှာ ပြန်မယူချင်တော့ဘူး။

မောင်ကြီးငြိမ်းချမ်း 

နေ့သစ်

0 comments: