စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, March 2, 2012

ကျွန်တော်သဘောကျသော သမ္မတကြီး၏မိန့်ခွန်းအပေါ် ထင်မြင်ချက်ပေးသည့် Comment နှစ်ခု

Eleven Media Group တွင် ဖော်ပြထားသော သမ္မတကြီး၏ မိန့်ခွန်းအား ထင်မြင်ချက်ပေးရေးသားထားသော Comment များအနက်မှ စိတ်ဝင်စားဖွယ်ကောင်းသော comment နှစ်ခုအား ကူးယူဖော်ပြပါသည်။



Spider Orchid 2012-03-02 12:20

တစ်နှစ်အတွင်း ဆောင်ရွက်နိုင်သည့်ကိစ္စများကို ကြည့်လျှင်မေ၀၀ါးတာတော့သေချာပါတယ်။

တစ်နှစ်အတွင်းမှာ ၃၆၅ ရက်အတွင်းမှာ၊ ဟိုဘက်ဒီဘက်အရိုးစွဲနေတဲ့အနေအထားနှစ်ခုကြားမှာ လုပ်လဲလုပ်နေတယ်(သူများတွေလိုအပြောနဲ့အမှတ်ယူနေသူလိုမဟုတ်ပါ)သူလောက်ပြောရဲ၊ ပြောနိုင်တာ
ကို လေးစားပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုတန်းတူထားပြောတာ နှစ်ပေါင်းများစွာ ဘယ်ခေါင်းဆောင်မှမလုပ်ခဲ့ပါ။ အမေစုပြောနေတဲ့ ပင်လုံစိတ်ဓာတ် (သူလဲအခုပြောနေတယ်)နှင့် Rules Of Law ဆိုတဲ့အသုံးအနှုန်းတွေကလည်း တစ်ယောက်ယောက်နဲ့ နားလည်မှုတူညီနေသလိုပါပဲ။



ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီးပထမဆုံး…သမ္မတကြီးထည့်ပြောသွားတာ အမေစုပြောနေတဲ့အနေအထားကိုပံ့ပိုးပေးရာရောက်နေသလိုပါပဲ….ဦးရွှေမန်းဆိုပြောရဲမှာမဟုတ်ပါ၊


ဗမာ ဟာလဲ ပြည်ထောင်စု ထဲ က တိုင်းရင်းသား တဦးဖြစ်ပါတယ်ဆို တာ အဆက်ဆက် (အနှစ် ၆၀ ကျော်)တွင်း အုပ်စိုးသူတွေ ဘက် က ပြောသံကြားတာ ပထမဆုံး လို့ ထင်တာဘဲ။


လစာကိစ္စပြောကြားချက်နဲ့ တိုင်းဒေသကြီးဝန်ကြီးများကို မိန့်ခွန်းထဲထည့်သွင်းဝေဖန်မှုပြုခဲ့တာကလည်း ပြတ်သားတာပါပဲ။

ခရိုနီတွေနဲ့ဆက်စပ်သူတွေကိုတကယ်ဖယ်ရှားဖို့လိုအပ်ပါတယ်၊တကယ်ဖယ်ရှားမယ်ဆိုရင်လဲ သူရဦးရွှေမန်းအပါဝင်မကင်းသူများကလွှတ်တော်ရောအစိုးရအဖွဲ့ဝင်တွေရဲ့တစ်ဝက်မကရှိမှာပါ၊

သူ့အနေနဲ့ညင်သာစွာကိုင်တွယ်ဖို့လိုပါတယ်၊ကိုယ့်ဝမ်းနာကိုယ်သာသိအနေအထားတွေဖြစ်နေပါတယ်၊


သမ္မတကြီးကင်းရှင်းခဲ့တာကိုမှတ်ကျောက်တင်နိုင်ပေမဲ့(သူကကင်းတယ်ဆိုတော့သူဖြုတ်ထုတ်သတ်ရင်
ရတဲ့အနေအထားတွေအများကြီးပါ၊)
သူရဲ့ကောင်းတဲ့စိတ်လေးက..ဘယ်သူ့ကိုမှဝေဘန်ဘူး၊အပြစ်မတင်ဘူး၊အရင်စစ်အစိုးရရော၊အတိုက်
အခံရော၊လက်နက်ကိုင်တွေရော၊ပြည်သူကိုရော၊ဘုန်းကြီးတွေကိုရောပေါ့…။


ရီချင်တာတစ်ခုက…အရင်အာဏာရှင်စနစ်တုန်းကလုပ်ချင်ရာတွေလုပ်ပြီးသပိတ်ဝင်အိတ်ဝင်ဆွေလိုက်မျိုး
လိုက်၊ပိုင်ရာဆိုရာလိုက်အဂတိလိုက်စားထားတဲ့ခရီုနီဖွားဘက်တော်စစ်အာဏာရှင်တဖြစ်လဲ
အရောင်ပြောင်းသူကြီးများကိုတိုင်က အခုလွှတ်တော်ထဲမှာ လက်တန်းအမှတ်ရစေမဲ့နည်းတွေသုံးပြီးလုပ်နေတယ်၊


ကျားဦးပုတ်လာစောင့်နေတယ်၊မသိရင်တကယ့်စေတနာရှိနေသလိုလိုနဲ့၊သန်းရွှေလက်ထက်က
သူတို့လဲ နအဖကပါ၊သူတို့ကင်းခဲ့ရင်ယုံလိုက်မယ်.၊ သမ္မတကြီးကတော့သန်းရွှေလက်ထက်ကတည်းက..ကင်းခဲ့လို့လေးစားတယ်ဗျာ….


အဲဒါကြောင့်သူပြောတဲ့စကားတွေကိုလက်ခံရဲတယ်..လိပ်ပြာသန့်သန့်နဲ့…..၊


(လူထုခေါင်းဆောင်ကိုယ်တိုင်ကိုက သူ့ရိုးသားမှုကို သူ့အိမ်သွားလည်တဲ့အချိန်မှာလက်ခံတယ်


၊နိုင်ငံရေးသိပ္ပံသမားအမေစုက သူ့အတိုက်အခံစစ်အစိုးရခေါင်းဆောင်ပိုင်းထဲမှာ..ဦးသိန်းစိန်ကိုလက်ခံတာဟာ သမ္မတဖြစ်နေလို့မဟုတ်တာတော့သေချာတယ်)၊


အဲဒီအစိုးရနဲ့လွှတ်တော်ထဲကအရေခွံလဲပြီးအမှတ်ယူနေသူအချို့ကို အစိုးရနဲ့လွှတ်တော်ထဲမှခရိုနီတွေ..လို့အမည်ပေးချင်ပါတယ်၊ သူတို့လဲခရိုနီလိုပဲမို့ပါ….ခရိုနီတွေလဲအခုအမေစုတက်လာတော့အမေစုကိုကပ၊် အမှတ်ရစေတာတွေလျှောက်
လုပ်သလို၊အစိုးရနဲ့လွှတ်တော်ထဲကလူတချို့လဲတချိန်တုံးကအရိုးတောင်မချန်ဝါးစားခဲ့ပြီး အခုမှဝန်ထမ်းနဲ့ပြည်သူကိုပဲစေတနာရှိသလိုလို၊တိုင်းရင်းသားတွေကိုပဲချစ်သလိုလိုပေါ့၊

သမ္မတကြီးကအာဏာရှင်မဟုတ်တဲ့အတွက် အမိန့်မဟုတ်တဲ့ သူ့ဆုံးဖြတ်ချက်ကိုပြောတဲ့နေရာမှာ ယခုလို အထောက်အထားနဲ့ ပြည်သူတွေးနိုင်အောင်ချပြတာ ပိုသင့်တော်ပါတယ်။

ကျွန်တော်တို့တတွေ အာဏာရှင်စနစ်ကိုရွံမုန်းရင် အစွန်းနှစ်ဖက်ကြားမှာ ညပ်နေတဲ့ သမ္မတက သူတစ်ဦးတည်းဆုံးဖြတ်ချက်တွေနဲ့ အာဏာရှင်ဆန်ဆန် ပြတ်သားမှုစွာ (ဒါလုပ်မယ်..၊ ဒါမလုပ်ဘူး ) လို့ မပြောခဲ့ပဲ ထိန်းသိမ်းပြောကြားသွားတာကို နားလည်နိုင်ရပါ့မယ်..။



freedomfighter 2012-03-02 11:25

သမ္မတကြီးခင်ဗျာ - ကောင်းမွန်တဲ့ မိန့်ခွန်းတစ်ခုနဲ့အတူ မိဘပြည်သူလို့ သုံးစွဲသွားတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။



(၁) ခရိုနီစီပွားရေးစနစ်။ အခြေခံစားသောက်ကုန်ဈေး တက်ရခြင်းက ခရိုနီတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ခရိုနီတွေက တိုင်းပြည်ရဲ့ Infrastructure ကို ကိုင်ထားတော့ Supply Chain ကို ထိခိုက်စေပါတယ်။ အဝေးပြေးလမ်းမကြီးတွေ၊ ကားပါမစ်တွေ၊ စက်သုံးဆီတွေ ဒါတွေကို ခရိုနီတွေကကိုင်ထားခဲ့တယ်။ ယှဉ်ကြည့်လို့ရပါတယ်။ အောင်ပန်းကနေ ရန်ကုန်ကို အသီးအနှံသယ်တဲ့ကုန်ကျစရိတ်နဲ့၊ ထိုင်းမှာ ချင်းမိုင်-ဘန်ကောက် အသီးအနှံသယ်တဲ့ ကုန်ကျစရိတ်ယှဉ်ကြည့်လို့ရပါတယ်။ ဒီတော့ အောင်ပန်းကနေ ရန်ကုန်က စားသုံးသူဆီအရောက်မှာ မူရင်းတန်ဖိုးရဲ့ ၄၀၀ % လောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် ချင်းမိုင်-ဘန်ကောက်က စားသုံးသူဆီအရောက် မူရင်းတန်ဖိုးရဲ့ ၂၀၀% ၀န်ကျင်လောက်မှာပဲ ရှိတယ်။ ဒါက မြန်မာပြည်မှာ ကုန်ဈေးနှုန်းတက်ရတဲ့ အခြေခံအချက်ထဲက တစ်ချက်လို့ ကျွန်တော် ထင်တယ်။ ဒီအသီးအနှံကို သယ်ဖို့ လိုတဲ့ စက်သုံးဆီ ဘယ်သူသွင်းနေတာလဲ၊ လမ်းမကြီးတွေက ဘယ်သူကိုင်ထားတာလဲ၊ ကုန်တင်ကားကြီးတွေ ဘာကြောင့် ဈေးကြီးနေသေးတာလဲ။ ဒါတွေကို စဉ်းစားဖို့လိုပါတယ်။ နောက်တစ်ချက်က အစိုးရပါ။ ပစ္စည်းတစ်ခုသယ်ဖို့ အဆင့် ၆ ဆင့်နဲ့ အဆင် ၃ ဆင့်ဆိုရင် ဘယ်ဟာက ပိုပြီး ကုန်ကျစရိတ်သက်သာမလဲ။ သေချာတယ် အဆင့် ၃ ဆင့်က ပိုမြန်မယ်၊ ပိုပြီး ကုန်ကျစရိတ်သက်သာမယ်။ အဆင့် တစ်ဆင့်တိုင်းမှာ ပေးရတဲ့ ပိုက်ဆံတွေ လျော့သွားမယ်။ ဒီတော့ အစိုးရအနေနဲ့ မလိုအပ်တဲ့ အဆင့်တွေကို ပယ်ဖျက်ဖို့ လိုပါတယ်။ တိုင်းပြည်ရဲ့ Supply Chain ကို အစိုးရက နိုင်ရင် ကုန်ဈေးနှုန်းကို အစိုးရက ကိုင်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ အမြတ်ပဲ ပိုလိုချင်နေတဲ့ သူအတွက် နေရာမရှိပါဘူး။ ကျွန်တော်ကတော့ စီးပွားရေးနဲ့ ပတ်သက်ရင် Neoliberalism ကိုကြိုက်တယ်။



(၂) ၀န်ကြီးဌာနတွေက DG၊ MD တွေကိစ္စ။ ကျွန်တော် သိရသလောက် ဦးနေ၀င်းခေတ်မှာတောင် ညွှန်ချုပ်တွေကို သက်ဆိုင်ရာ နယ်ပယ်ကိုတစ်ကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေကပဲ ဌာနတစ်ခုလုံးကို ဦးစီးကွပ်ကဲခဲ့တာပါ။ န၀တ ခေတ်မှာတော့ ညွှန်ချုပ်တင်မက မြို့နယ် ဦးစီးမှုးအဆင့် အထိ စစ်ဖက် အရာရှိတွေကို ထည့်သွင်းခဲ့ပါတယ်။ ဒါက တိုင်ပြည်ရဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို အကြီးအကျယ် ဖျက်ဆီးပြစ်လိုက်ပါတယ်။ သစ်တောရဲ့ ညွှန်ချုပ်ဟာ သစ်တောဆိုင်ရာကိစ္စတွေကို ကျွမ်းကျင်တဲ့ ပညာရှင်ဖြစ်ဖို့လိုပါတယ်။ စွမ်းအင်ညွှန်ချုပ်ကလည်း စွမ်းအင်ဆိုင်ရာပညာရှင်ဖြစ်ဖို့လိုပါတယ်။ ပညာရှင်ဖြစ်မှုဟာ အထက်အောက် အမှန်တစ်ကယ် လေးစားမှုအတွက် လည်း အထောက်အပံ့ရပါတယ်။ န၀တခေတ်မှာ မဖြစ်သင့်တာတစ်ခုကိုတင်ပြရင် ဒီကောင် ဆရာလုပ်တယ်၊ မဖြစ်နိုင်တာတွေပဲ လျှောက်ပြောနေတယ်ဆိုပြီး ချောင်ထဲ ထိုးပြစ်ပါတယ်။ ဘာပြောပြော ရတာပေါ့ ဆိုတဲ့ အဖြစ်လုပ်မယ့် သူတွေကအတွက်ကတော့ အိုကေတယ်။ ဒီတော့ အစိုးရ ယန္တရား ပျက်၊ အစိုးရ စီးပွားရေး လုပ်ငန်းကြီးတွေ အရှံးပေါ်၊ လုပ်သမျှစီမံကိန်းတွေက အဖြစ်ပဲ ရှိတဲ့ အခြေအနေတွေ ဖြစ်လာခဲ့တာပါ။ သမ္မတကြီးကို နောက်ကျန်တဲ့ သက်တမ်းအတွင်း မကျွမ်းကျင်တဲ့ DG/MD ကိစ္စတွေကို ရှင်းပြစ်စေချင်တယ်။ တစ်ကယ်ကျွမ်းကျင်တဲ့ ကမ္ဘာအရပ်ရပ်က မြန်မာပညာရှင်တွေကို ရှာစေချင်တယ်။ ဒါမှ တိုင်ပြည်ရဲ့ အုပ်ချုပ်ရေးကောင်းလာမှာပါ။ ဒီအချက်က တိုင်းရင်းသာအရေးလိုပါပဲ အချိန်ဆွဲတာနဲ့အမျှ တိုင်ပြည်နာမယ့် ကိစ္စပါ။ ဒါကိုကိုင်တွယ်ရင်တော့ သမ္မတကြီးဟာ ပေါ်ပင်နိုင်ငံရေးတွေ လုပ်တာမဟုတ်ပဲ တိုင်းပြည်အတွက် တစ်ကယ် လိုအပ်တဲ့ လမ်းကြောင်းကို နဲ့ အနာဂတ်ကို ပုံဖေါ်နေတယ် ဆိုတာ ပြည်သူတွေ ယုံကြည်လာပါလိမ့်မယ်။ သမ္မတကြီးမှာ လုပ်စရာအများကြီး ရှိနေပေမယ့် အားလုံးကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ ယုံကြည်ပါတယ် သမ္မတကြီးခင်ဗျာ။

  Yan Aung -facebook

0 comments: