စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, March 6, 2012

ဒဂုံမြို့သစ်တောင်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ

ဒဂုံမြို့သစ်တောင်ပိုင်း ၁၈ ရပ်ကွတ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းသစ်ဖွင့်ပွဲ နှင့် ဆိုင်းဘုတ်တင်ပွဲ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဒဂုံမြို့သစ်တောင်ပိုင်း ၁၈ ရပ်ကွက် ပါတီရုံးခန်း ဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မတ်လ ၄ ရက်နေ့က ၁၈ ရပ်ကွက်၊ ဇာဒက်ကြီးကျွန်းလမ်းမှာ
ဖွင့်လှစ်ကျင်းပ ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးစိုးမြင့်၊ မြို့နယ်တာဝန်ခံ ဦးသောင်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်
ပေးခဲ့ပြီး ပြည်သူလူထု ၁၀၀ ခန့် တက်ရောက် ခဲ့ကြပါတယ်။ တက်ရောက်လာသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး လူ့အခွင့်အရေး တိုက်ပွဲတွေမှာ
ကျဆုံးခဲ့ကြရတဲ့ ရဟန်းရှင်လူ ပြည်သူတွေ အတွက် အမှတ်တရ ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်သက် ဂါဝရ ပြုခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ ပြောကြားချက် အမည်နဲ့ အသံသွင်းထားတဲ့ မိန့်ခွန်းတိပ်ခွေကို တက်ရောက်လာတဲ့ ပရိသတ်တွေကို ဖွင့်ပြ ခဲ့ပါတယ်။



0 comments: