စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 4, 2012

မြန်မာနိုင်ငံတွင် တည်ဆောက်မည့် လေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ရန် လျာထားကြောင်းနှင့် နေရာသုံးခု ရွေးချယ် သတ်မှတ်ထားကြောင်း ထိုင်းနိုင်ငံ Gunkul အများပိုင် ကုမ္ပဏီမှ ထုတ်ပြန်


ထိုင်းနိုင်ငံမှ Gunkul အများပိုင် ကုမ္ပဏီနှင့် ပူးပေါင်းအကောင် အထည်ဖော်မည့် လေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ရန် လျာထား သတ်မှတ်ထားကြောင်း Gunkul အင်ဂျင်နီယာလုပ်ငန်း ဆိုင်ရာ အများပိုင်ကုမ္ပဏီ တာဝန်ရှိသူများ က မြန်မာထိုင်း ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းဆိုင်ရာ ဖိုရမ်တွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်း Wind Power Project အကောင်အထည် ဖော်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွင်း၌ တည်ဆောက်ရန် ရွေးချယ် သတ်မှတ်ထားသည်။

အဆိုပါဖိုရမ်သို့ ထိုင်းနိုင်ငံမှ Ministry of Commerce နှင့် Fiscal Polical Research Institute Foundation မှ တာဝန်ရှိသူများပါ တက်ရောက်ခဲ့ပြီးGunkul အများပိုင်ကုမ္ပဏီနှင့် ပူးပေါင်းတည်ဆောက်မည့် လေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုပါ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအား ထုတ်လုပ်ရန် အတွက် စီမံကိန်းများ ချမှတ်ထားသည့်အပေါ် နှစ်စဉ်သုံးစွဲသွားမည့် Myanmar Electricity Expansion ကိုလည်း ထုတ်ပြန်သွားပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၀၇ ခုနစ်မှ ၂၀၁၃ ခုနစ်အထိ ၂၅နှစ်အတွင်း အမေရိကန် ဒေါ်လာ ၃၃ ဘီလျံအထိ သုံးစွဲရန် လျာထားထားသည့် အပေါ်တွင်ပါ ထည့်သွင်း ဆွေးနွေးသွားခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ Wind Power Project လုပ်ဖို့အတွက် Gunkul ကုမ္ပဏီနဲ့ လက်မှတ် ရေးထိုးထားတယ်။ ၂၀၁၄ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ဖို့ လျာထား ထားသလို နေရာသုံးခုလည်း ရွေးချယ် ထားကြောင်း ပြောခဲ့တယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်သုံးခုမှာ ရွေးချယ်ထားတယ်”ဟု အဆိုပါ ဖိုရမ်သို့ တက်ရောက်ခဲ့သည့် UMFCCI တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

0 comments: