စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 4, 2012

မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ် သတ်မှတ် ပြောင်းလဲပေးရမည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြောကြား



မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ကို နိုင်ငံခြား တက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ် သတ်မှတ်ပြောင်းလဲ ပေးရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ နိုင်ငံတော် အစိုးရသစ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားရေး၊ ကျောင်းသားလူငယ်များ၏ အမျိုးသား ပညာရည်မြင့်မားရေးအတွက် ပြုစုပျိုးထောင်ပေးလျက် ရှိရာတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ်သတ်မှတ်ပြောင်းလဲပေးရေး ကို အဓိကပြောကြားခဲ့ပြီး သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း နိုင်ငံတော်စီးပွားရေးကို တိုက် ရိုက်အထောက်အကူပြုနိုင်သော အသုံးချ သုတေသနလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန် ဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရသည်။

တက္ကသိုလ် ဗဟိုကောင်စီနှင့် တက္ကသိုလ် ပညာရေးအဖွဲ့ ကောင်စီတို့ အထက်တွင် နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးသော National Education Committe ခေါ် အမျိုးသားပညာရေး ကော်မတီရှိ . . .
အဆင့်မြင့်ပညာရေးကဏ္ဍ၌ တက္ကသိုလ်များ ဗဟိုကောင်စီကို တက္ကသိုလ်ပညာရေးနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ရန်၊ လမ်းညွှန်မှုပြုရန် နှင့်ကြီးကြပ်ရန်၊ တက္ကသိုလ်ပညာ အဆင့်အတန်း၊ သင်ရိုးမာတိကာ၊ စာမေးပွဲနှင့် Academic ပညာရေးဆိုင်ရာ ကိစ္စအရပ်ရပ်အား ကြီးကြပ် ရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး တက္ကသိုလ်ဗဟိုကောင်စီနှင့် တက္ကသိုလ် ပညာရေးအဖွဲ့ ကောင်စီတို့ အထက်တွင် နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးသော National Education Committe ခေါ် အမျိုးသားပညာရေး ကော်မတီရှိပြီး အဆိုပါ ကော်မတီအနေဖြင့် နိုင်ငံတော်၏ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျော ညီထွေရှိသော နိုင်ငံတော်၏ စီးပွားရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို ထိန်းသိမ်းမြှင့်တင် ပေးနိုင်သော ပညာရေးစနစ် တစ်ခု တိုးတက်အောင်မြင်ရေး အတွက် ဆောင်ရွက်ရန် တာဝန်အရှိဆုံး အမြင့်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

Eleven Media Group

0 comments: