စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 4, 2012

ပျူခေတ် မြန်မာ့ဗိသုကာ လက်ရာများမှစ၍ ခေတ်အဆက်ဆက် လက်ရာများအထိ ပါဝင်မည့် ‘ပြည်သူ့အတွက် ဗိသုကာ’ ပြပွဲကျင်းပမည်


မြန်မာနိုင်ငံ ဗိသုကာအသင်း (Association of Myanmar Architects -AMA) အသင်း တည်ထောင်သည့် (၁၀)နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် မြန်မာ့ဗိသုကာလက်ရာများ ပါဝင်မည့် “ပြည်သူ့အတွက် ဗိသုကာ” ပြပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်များ ပါဝင်သော အလယ်ခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ တောင်ငူခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်၊ ဆိုရှယ်လစ်ခေတ်များအပြင် တပ်မတော်အစိုးရ လက်ထက်ပေါ် ထွက်လာသည့် ဗိသုကာလက်ရာများ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဗိသုကာ ကျောင်းများမှ အချို့သော ကျမ်းပြု လက်ရာများ စသည့် မြန်မာ့ ဗိသုကာများ၏ အစဉ်အဆက် လက်ရာပြကွက်ပေါင်း ၆၀ ကျော်၊ လက်ရှိလုပ်ကိုင်နေသည့် မှတ်ပုံတင် ဗိသုကာများနှင့် ဗိသုကာရုံးများ၏ လက်ရာပြ ကွက်ပေါင်း ၁၀၀ ကျော် စသည်တို့ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗိသုကာအသင်းဆိုင်ရာ ပြကွက်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဆိုင်ရာပြကွက်၊ မြန်မာ ဗိသုကာသမိုင်းဆိုင်ရာ ပြကွက်၊ မြန်မာဗိသုကာကြီးများ၏ သမိုင်းတင် လက်ရာများပြကွက်၊ အသင်းဝင် မှတ်ပုံတင် ဗိသုကာများ၏လက်ရာ ဒီဇိုင်းများပြကွက်တို့အပြင် ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီကြီးများ၏ အရောင်းပြခန်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ဗိသုကာအသင်းမှ ပြည်သူလူထုသို့ ဘာသာရေးဆိုင်ရာ၊ ကျေးလက်ဖွံ့ဖြိုးရေး ဆိုင်ရာ၊ လူမှုရေးဆိုင်ရာအများ ပြည်သူသုံး အဆောက်အအုံများနှင့် လူနေအိမ်ဒီဇိုင်းများကို လာရောက်ကြည့်ရှုမည့် ပရိသတ်များအား လှူဒါန်း သွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းမှုတွင် အသင်းဝင်ဗိသုကာများ၏ ကိုယ်ပိုင်ဒီဇိုင်း စိတ်ကူးများဖြင့် ရေးဆွဲထားသည့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ရပ်ကွက်ရုံး၊ ကျေးလက် စာကြည့်တိုက်၊ ကျေးလက် ဆေးပေးခန်း၊ ဇရပ်၊ ဓမ္မာရုံ၊ ဆွမ်းလောင်းရုံ၊ အားကစားရုံစသည့် အများ ပြည်သူနှင့်ဆိုင်သော အဆောက်အအုံများနှင့် လူနေအိမ်ဒီဇိုင်းများကို လာရောက်သူများ၏ တောင်းဆိုချက် အပေါ် အခမဲ့ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments: