စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 4, 2012

ရွေးကောက်ပွဲတွင် မဲပေးပုံ မဲပေးနည်း မမှားယွင်းစေရန် အနုပညာရှင်များ၏ ဖျော်ဖြေရေး ခရီးစဉ်အတွက် မတ်လ ၁၀ ရက်နေ့တွင် ထွက်ခွာမည်


ကြားဖြတ် ရွေးကောက်ပွဲ၌ ပြည်သူများ အနေဖြင့် မဲပေးပုံမဲပေးနည်း မမှားယွင်းစေရန်၊ စနစ်တကျ မဲပေးနိုင်စေရန်နှင့် လွတ်လပ်စွာ မိမိဆန္ဒ ထုတ်ဖော်နိုင်စေရန်အတွက် အနုပညာရှင်များ၏ ပညာပေး ဖျော်ဖြေရေးခရီးစဉ်ကို မတ်လ ၁၀ ရက်နေ့တွင် စတင်ထွက်ခွာရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ မတ်လ ၁၀ ရက်နေ့ည၌ စတင် ထွက်ခွာမည်ဖြစ်ပြီး မတ်လ ၁၁ ရက်နေ့တွင်ပြင်ဦးလွင်၊ မတ်လ ၁၂ရက်နေ့တွင် စစ်ကိုင်းတို့တွင် ဖျော်ဖြေပြီးနောက် မုံရွာမြို့တွင်တစ်ညအိပ်ကာ ပုလဲနှင့်ပခုက္ကူတို့တွင် မတ်လ ၁၃ ရက်နေ့၌ ဆက်လက် ဖျော်ဖြေသွားမည်ဟု သိရှိရသည်။

“ထရီဇာတို့အခုသွားမယ့် ခရီးစဉ်က မဲဆွယ်စည်းရုံးရေး ခရီးစဉ် မဟုတ်ပါဘူး။ အနုပညာရှင်တွေ အနေနဲ့ မဲပေးပုံ မဲပေးနည်းစနစ်တွေ၊ ကိုယ်တိုင်လွတ်လပ်စွာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ခွင့်ရှိတယ် ဆိုတာတွေကို အသိပညာပေး ဖျော်ဖြေရေး ခရီးစဉ်သွားဖို့ကို အမေစု(ဒေါ်အောင်ဆန်းစု ကြည်)နဲ့ အနုပညာရှင်တွေ တွေ့ဆုံဆွေး နွေးကြတာပါ။ ထရီဇာတို့ ကိုယ်တိုင်လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ အရမ်းနည်းပါတယ်။ အခုမှသာ သေချာသိခွင့်ရတာပါ။ ရွေးကောက်ပွဲဆိုတာ လူတိုင်းက စိတ်ဝင်တစားနဲ့ ပါဝင်သင့်တယ်၊ ဒါကကြောက်စရာမဟုတ်ဘူး၊ ကိုယ့်ရဲ့ဆန္ဒကို ကိုယ်တိုင်လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတယ်။ မဲရေတာ က အစ စိတ်ပါဝင်စားစွာ စောင့်ကြည့်သင့်တယ်။ ကိုယ်မဲပေးချင်တာကို လည်း ပယ်မဲမဖြစ်ရအောင် စနစ်တကျ မဲပေးသင့်တယ် စတာတွေကို ပညာပေး တင်ဆက်သွားမှာပါ”ဟု အဆိုပါ ခရီးစဉ်တွင် ပါဝင်မည့် သရုပ်ဆောင် ချစ်သုဝေ ကရှင်းပြခဲ့သည်။

အနုပညာရှင်များ၏ ပညာပေး ဖျော်ဖြေရေး ခရီးစဉ်တွင် ဒါရိုက်တာဝိုင်း ကိုယ်တိုင် ဇာတ်ညွှန်း ရေးသားကပြမည့် ပြဇာတ်တို ပါဝင်မည်ဖြစ်ပြီး Metal Zone တီးဝိုင်း နှင့်အတူ တေးသံရှင်များကလည်း ပါဝင်သီဆို ပေးသွားမည်ဟု သိရှိရသည်။ အဆိုပါ ခရီးစဉ်တွင် လိုက်ပါမည့် အနုပညာရှင်များမှာ ဒါရိုက်တာဝိုင်း၊ ချစ်သုဝေ၊ လင်းလင်း၊ သျှီ၊ ဆောင်းဦးလှိုင်၊ ချောစုခင်၊ သအို၊ ဂျီလတ်တို့ ပါဝင်မည်ဖြစ်ပြီး ပြင်ဦးလွင်ဖျော်ဖြေရေး ခရီးစဉ်၌ ထွန်းအိန္ဒြာဗိုလည်း ပါဝင်ဖျော်ဖြေမည်ဟု သိရှိရသည်။

Eleven Media Group

0 comments: