စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 4, 2012

ရန်ကုန်မြို့၏ ပထမဆုံး 3D ရုပ်ရှင်ပြသမှုအဖြစ် တော်ဝင်စင်တာ ရုပ်ရှင်ရုံတွင် ‘AVATAR 3D’ ရုပ်ရှင်ဇာတ်ကား စတင်ဖွင့်လှစ်ပြသ


ရန်ကုန်မြို့၏ ပထမဆုံး 3D ရုပ်ရှင်ဇာတ်ကား ပြသမှုအဖြစ် တော်ဝင်စင်တာ ရုပ်ရှင်ရုံတွင် ‘AVATAR 3D’ ရုပ်ရှင်ဇာတ်ကား ကို မတ်လ ၁ ရက်နေ့၌ စတင် ဖွင့်လှစ်ပြသခဲ့ရာ စိတ်ဝင်စားလာရောက် ကြည့်ရှုသူ များပြားခဲ့သည် ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ရုံသည် ရန်ကုန်မြို့တွင် ပထမ ဆုံး 3D ရုပ်ရှင်ရုံ အဖြစ် ပြသနိုင်ခဲ့ခြင်းဖြစ်ပြီး 3D ရုပ်ရှင် ဇာတ်ကားများကိုသာ ပုံမှန်ပြသသွားနိုင်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

လာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦးက “3D ရုပ်ရှင်ဆိုတာ တစ်ခါမှမကြည့်ဖူးတာနဲ့ လာကြည့် ဖြစ်တာပါ။ အရုပ်အသံ အရည်အသွေးကို ပုံစံတစ်မျိုးနဲ့ ခံစားရတာပေါ့လေ။ ဈေးကတော့ ပုံမှန်ဇာတ်ကားတွေထက် နည်းနည်း ပိုများနေပေမယ့် ဖျော်ဖြေမှုပုံစံ အသစ်ဖြစ်တဲ့ အတွက် ကြည့်ရကျိုးနပ်တယ်လို့ ဆိုရမှာပါ။ နိုင်ငံတကာမှာ ပြသနေတဲ့ကားတွေကို ကြည့်ရှုခွင့်ရမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။ အခု လက်ရှိ မြန်မာ ဟာသကားတွေ ငြီးငွေ့ချိန်မှာ အပြောင်းအလဲ တစ်ခုပေါ့” ဟု သူ၏အမြင်အား ပြောပြခဲ့သည်။

တော်ဝင်စင်တာ ရုပ်ရှင်ရုံတွင် နံနက် ၉နာရီခွဲ၊ ၁၂ နာရီခွဲ၊ ၃ နာရီခွဲ နှင့် ၆ နာရီခွဲ ပွဲစဉ်များ သတ်မှတ်ထားပြီး လက်မှတ် နှုန်းထားများမှာ ကျပ် ၂၅၀၀ နှင့်ကျပ် ၃၅၀၀ ဟု သတ်မှတ်ထားသည်ဟု သိရသည်။ မတ်လလယ်ပိုင်းတွင် ဖွင့်လှစ်မည့် Junction Square ရုပ်ရှင်ရုံသစ်တွင်လည်း 3D ရုပ်ရှင်ရုံတစ်ရုံကို ထည့်သွင်းပြသသွားမည်ဟု သိရှိရသည်။

Eleven Media Group

0 comments: