Feature Photo : AFP
မြန်မာ နိုင်ငံ အပေါ် ဥရောပ သမဂ္ဂ (EU) ကနေ အရေးယူ ပိတ်ဆို့ ထား တာ တွေ ကို ပြန်လည်
လျှော့ချ ပေး ဖို့  ဒီနေ့  ပြင်သစ် နိုင်ငံ က တောင်း ဆို လိုက်ပါတယ်။ ဧပြီလ ၁ ရက်နေ့ က ကျင်း
ပတဲ့ ရွေးကောက် ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိ တဲ့ အတွက် ပြန်ပြီး ဖွင့် ပေး ဖို့ ပြင်
သစ် နိုင်ငံခြား ရေး ၀န်ကြီး အလန် ယပ်ပီ က ဒီနေ့  မိတ်ဆွေ ဥရော ပ သမဂ္ဂ နိုင်ငံ တွေ ကို
တောင်းဆို ခဲ့ တာ ဖြစ်ပါတယ်။
ဥရော ပ သမဂ္ဂ ကိုယ် တိုင် ဟာလည်း မြန်မာ ရွေးကောက် ပွဲ ဟာ တရားမျှ တမှု ရှိခဲ့ လို့ ပိတ်
ဆို့ ထား တာ တွေ ကို ပြန်ဖွင့် နိုင်ရန် အစီအစဉ် ရှိတယ် လို့  မနေ့  က ဥရောပ သမဂ္ဂ နိုင်ငံ
ခြားရေး ရုံး က သတင်း ထုတ် ပြန် ခဲ့ ပါတယ်။
ဧပြီ လ ၂၃ ရက်နေ့  မှ ကျင်းပမယ့် အီးယူ နိုင်ငံ ခြားရေး ၀န်ကြီး တွေ အစည်း အဝေးမှာ မြန်
မာ နိုင်ငံ ကို အရေးယူ ပိတ် ဆို့ ထားတာ တွေ ကို ဖယ်ရှား မယ် လို့  ထင်ရတယ် လို့  အီးယူ
သံတမန် တွေ က ရိုက်တာ သတင်း ဌာန ကို ပြောပါတယ်။
ဥရောပ သမဂ္ဂ အကြီး အကဲ ကတ်သရင်း အက်(စ)တန် က မကြာခင် မြန်မာ နိုင်ငံ ကို လာရောက်
လည် ပတ် ဖို့  အစီအပစဉ် ရှိတယ် လို့  သိရပါတယ်။
0 comments:
Post a Comment