ရခိုင်ဒေသအရေးနဲ့ ပတ်သက်ပြီး ဖော်ပြချက် ၃ ခုကို အစိုးရသတင်းစာမှာ ဒီကနေ့ တွေ့ရမှာပါ။
၁။ ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊
ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ
ဆေးဝန်ထမ်းများရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်

၂။ ဥပဒေနှင့်အညီ တပ်မတော်စစ်ကြောင်းများက မောင်တောနှင့် ဘူးသီးတောင်မြို့နယ်
အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့်ပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေး လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိ
မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ယနေ့နံနက်ပိုင်းမစှ ၍
အခြေအနေများ မူလအတိုင်းပြန်လည်တည်ငြိမ်အေးချမ်းသွားပြီဖြစ်
တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရေး အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် သက်ဆိုင်ရာကနှိုးဆော်

0 comments:
Post a Comment