တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါအဖွဲ့တွင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်က ဦးအောင်ကြီးကို ဥက္ကဌထား၍ ဒေသဆိုင်ရာ အရာရှိကြီးများပါဝင်သည့် ၇ ဦးဖြင့်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင်ဖော်ပြသည်။
အဆိုပါ အဖွဲ့၏ အဓိက တာဝန်မှာ အကြမ်းဖက်ခံရမှုများကြောင့် ဆင်းရဲဒုက္ခခံစားနေရသော ဒေသခံ တိုင်းရင်းသားများအား ယာယီ နေရာချထားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ရေရှည် တွင် ဘေးကင်းလုံခြုံရာတွင် နေရာချထားနိုင် မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ရ မည်ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment