စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, July 10, 2012

ကေအိုင်အေ ငြိမ်းချမ်းရေးလိုလားကြောင်း ၈၈ ခေါင်းဆောင် ပြောကြား

၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ တရုတ်ပြည် ကြယ်ခေါင်မြို့တွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနေစဉ်။



2012-07-09

ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အရာရှိတွေနဲ့ လိုင်ဇာမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။


သူတို့အနေနဲ့ KIA ကချင်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအ၀င် အရာရှိတချို့နဲ့ KIO ဌာနချုပ်မှာ ၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ KIO အဖွဲ့အနေနဲ့ ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ ပြေလည်မှုရလိုတဲ့ သဘောထားကို တွေ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဟာ ဇူလိုင် ၅ ရက်နေ့မှာ တရုတ်ပြည်ဘက်ခြမ်း ကြယ်ခေါင်မြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့သလို လိုင်ဇာမြို့က ကချင် စစ်ပြေးဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၅ ရက်နေ့က စတင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ ကိုမြအေးနဲ့ အတူ ကိုပဏ္ဍိတ်ထွန်း၊ ကိုစိုးထွန်းနဲ့ ကိုထွန်းမြင့်အောင်တို့ လိုက်ပါသွားပြီး ဒီကနေ့ တနင်္လာနေ့မှာ မူဆယ်မြို့ကနေတဆင့် ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာပြီ ဖြစ်ပါတယ်။

RFA

0 comments: