စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 9, 2012

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ နည်းဥပဒေများပြဌာန်း


ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဥပဒေပုဒ်မ ၂၄ ၊ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဆိုပါ နည်းဥပဒေများကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများတွင် အခန်း ၄ ခန်း ဖော်ပြပါရှိပြီး အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်။ခွင့်ပြုမိန့်လျှောက်ထားခြင်း။
ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း နှင့် အထွေထွေ အခန်းတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါအခန်းများတွင်ဖော်ပြပါရှိချက်များအရ ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊စီတန်းလှည့်လှည်ခွင့်ကိုဖြစ်စေ၊
ရရှိလိုသူသည် သက်ဆိုင်ရာပုံစံဖြင့် ဆောင်ရွက်လိုသည့်နေ့ရက်မတိုင်မီ ၅ ရက်ကြိုတင်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံလျှောက်ထားရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုထက်ကျော်လွန်ဆောင်ရွက်လိုပါက ဆောင်ရွက်လိုသော မြို့နယ်အားလုံး၏သက်ဆိုင်ရာမြို့နယ်ရဲမှူးများထံလျှောက်ထား
ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တင်ပြချက်များကို သက်ဆိုင်ရာမြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ပြည်နယ်ရဲတပ်ဖွဲ့မှူးများသို့အဆင့်ဆင့်တင်ပြပြီး
နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးသို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသော ဥပဒေများနှင့်
မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ ဟု ဖော်ပြထားကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများကို ကျင်းပလျှက်ရှိသော လွှတ်တော်သို့တက်ရောက်လျှက်ရှိသည့် ကိုယ်စားလှယ်များကိုပေးဝေထားပြီးဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

0 comments: