စစ်တွေ တက္ကသိုလ် - photo credit - (http://mmsacm.blogspot.com)
ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး စစ်တွေ တက္ကသိုလ် ကျောင်းသားများ လမ်းလျှောက် ဆန္ဒပြလျှက် ရှိကြောင်း စစ်တွေမြို့မှ သိရပါတယ်။ ကျောင်းသား အယောက် ငါးရာခန့်
မှာ စစ်တွေ တက္ကသိုလ်မှ နေပြီး မြို့ထဲဘက်သို့ ငြိမ်းချမ်းစွာဖြင့် လမ်းလျှောက် ဆန္ဒပြနေခြင်း ဖြစ်ပြီး ယခု ညနေ ၃ နာရီခွဲခန့် အထိ စစ်တွေမြို့လောကနန္ဒဘုရား နှင့်
နာရီစင်တို့ အနီးတွင် ငြိမ်းချမ်းစွာဖြင့် စုဝေး လမ်းလျှောက် နေကြပါတယ်။ကျောင်းသားအချို့မှာ ပြည်နယ် ဝန်ကြီးချုပ်ရုံး အရှေ့တွင် စုစည်းနေကြပြီး သက်ဆိုင်ရာ တာဝန်
ရှိသူများက ကျောင်းသားများနှင့် တွေ့ဆုံ ညှိုနှိုင်းရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။
ရဲအင်အား ၇၀ ခန့်က ဝတ်စုံပြည့်ဖြင့် ဝန်ကြီးချုပ်ရုံး အရှေ့တွင် ကာကွယ်စောင့်ကြပ်
နေကြပါတယ်။ ကျောင်းသားများအား အာဏာပိုင်များဘက်မှ တစုံတရာ အရေးယူမှု မရှိသေးသော်လည်း လိုက်ပါ စောင့်ကြည့်နေကြောင်း သိရပါတယ်။
ယခင်က ကားခဈေးနှုန်းကြီးမြင့်သဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ပြီး အာဏာပိုင်များက တစုံတရာ အတိုင်းအတာ အထိ အရေးယူ ဖြေရှင်းပေးခဲ့သော်လည်း ယခုအကြိမ်တွင် ယခု
လက်ရှိ ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ တိုးမြှင့်မည် ဖြစ်သဖြင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း စစ်တွေ မြို့ ခံတဦးက ပြောပါတယ်။
0 comments:
Post a Comment