စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 7, 2012

ကြက်တူရွေးကတော်တော်... မယ်ဘော်ကကဲကဲ

အဘ ဥက္ကာကိုကို's Photos

ကြက်တူရွေးကတော်တော်... မယ်ဘော်ကကဲကဲပါ။ NLD တံဆိပ်ကလေး တပ်လိုက်ရင်ပဲ ကိုယ့်ကိုယ်ကိုယ် အာဏာရှင်ဖြစ်သွားသယောင်ယောင်ထင်တတ်ကြတဲ့ စိတ်ဓာတ်တွေ။
ကျနော်တို့နိုင်ငံမှာ အဲဒီလိုပဲ နည်းနည်းလေး လွတ်လပ်တာနဲ့ အခွင့်ကောင်းယူ ဟိန်းဟောက် မာန်ဖီတတ်တဲ့ လူတွေအများကြီးပါပဲ။ ခု ဒီပုံထဲက လူဆိုရင် မိတ္ထီလာမှာ လမ်းဘေးရပ်သမျှ ဆိုင်ကယ်တွေကို ဆွဲထုတ်။ ကားတွေကို နေရာရွှေ့ခိုင်း။ မရွှေ့ပေးတဲ့ကားကို ဆဲဆို။
အမယ်...သူက ကားနံပတ်ကို ဓာတ်ပုံတောင်ရိုက်လိုက်သေး။ ဘာလုပ်မလို့လဲမသိ။ အဲဒါ ရဲစိတ်ပါ။ ရဲမာန်ပါ။ အရင်တုန်းက ဒီလိုမျိုးတွေကို ကြံ့ဖွံ့တွေလုပ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ခုချိန်မှာ ကြံ့ဖွံ့တွေက ငြိမ်နေပြီး NLD တံဆိပ်တပ်လူတချို့က ဒီလိုတွေလုပ်နေကြပါတယ်။
ဟိုကောင်မလာနဲ့။ ဒီကောင်အနားမကပ်နဲ့။ အဲ့နားမနေရ။ ဒီနားမရပ်ရ။ ကဲ.... ဒီလူတွေသာ အာဏာရလာရင် ဘယ်လိုဖြစ်လာမလဲလို့ တစ်ခါတလေ တွေးမိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလေးစားပါတယ်။ မပုတ်ခတ်ပါဘူး။ တချို့သော လူတွေကို ပြောနေတာဖြစ်ပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်တွေ ထောင်ကျနေတုန်းက ဒီလူတွေ ဘယ်ရောက်နေပါသလဲ။ ခေါင်းဆောင်တွေ ပါဝါပြန်ရလာချိန်မှာ ဒီလူတွေ ဇောင်းထလာပါတယ်။
လာမထိနဲ့ မီးပွင့်သွားမယ် ဘာမှတ်လဲဆိုတဲ့ အချိုးတွေချိုးလာနေတာကို တွေ့လာရပါတယ်။ ဒေါ်စုလမ်းကြောင်းနောက်ကို သတင်းလိုက်ယူလာတာ ခြောက်ခေါက်ရှိပါပြီ။ နေရာတိုင်းလိုလိုမှာ ဒီလိုလူတွေ တွေ့လာရလို့ နည်းနည်းထုတ်ပြလိုက်တာပါ။
ဒီပုံထဲက လူက မိတ္ထီလာကမဟုတ်ပါ။ ရန်ကုန်ကလိုက်လာတာပါ။ နယ်ခံတွေနဲ့ မော်တော်ပီကယ်တွေတောင် အေးဆေးခွင့်ပြုထားတဲ့အရာကို သူကလိုက်လံလုပ်ဆောင်နေပါတယ်။ လမ်းရှင်းတယ်ဆိုရင်လည်း အဲဒီမှာ မော်တော်ပီကယ်တွေရှင်းပေးနေပါတယ်။ မြို့တိုင်းမှာ ဒေါ်စုလမ်းကြောင်းဆို မော်တော်ပီကယ်တွေ ကူညီပေးနေကြပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ကိုယ့်အလုပ်ကိုယ်သိပါ။ NLD စွမ်းအားရှင်တွေ ဖြစ်နေကြပြီလား... ဒီလိုလူမျိုးတွေ အဖွဲ့ချုပ်ထဲမှာ ဘယ်လောက်ရောက်နေပါ သလဲ.... ???

ဟုတ်ကဲ့... ကျနော် ဥက္ကာကိုကိုပါ။ ဒီပုံကို ကျနော်ရိုက်လာတာပါ။ မကျေနပ်တာရှိရင် လာရှင်းနိုင်ပါတယ်။

facebook - အဘ ဥက္ကာကိုကို

0 comments: