မတ်လ ၆ ရက်၊ ၂၀၁၂ (YPI) ညနေ ၆ နာရီ
အောင်မြင်သာကျေးရွာမှ ပြန်လည်ပြောင်းရွှေ့လာသည့် မြစ်ဆုံတန်ဖဲ ကျေးရွာသား ၁၈ ဦးအား ယနေ့ညနေ ၄ နာရီက ရဲလုံခြုံရေးများ၊ ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် CPI China Power Investment ၀န်ထမ်းများက မြစ်ဆုံကျေးရွာ တွင် လာရောက်ဖမ်းဆီးသွားကြောင်း တန်ဖဲကျေးရွာမှ ရွာခံတဦးက မြစ်ကြီးနားမြို့ YPI သတင်းထောက်ထံသို့ ဆက်သွယ်ပြောကြားသည်။
မည်သည့် ပုဒ်မဖြင့် ဖမ်းဆီးသည်ကို ရှင်းလင်းစွာ မသိရှိရသေးသော်လည်း ၎င်းတို့အား ဖမ်းဆီးစဉ် ကျေးရွာအုပ်ချုပ်ရေးက အဆိုပါရွာသားများအား လာရောက်မနေရန် ပြောဆိုထားပြီးသား ဖြစ်သည်ဟု ပြောဆိုသွားသည်ဟု ကျေးရွာခံတဦးက ပြောသည်။ YPI
Welcome to SeekaHost
6 days ago
0 comments:
Post a Comment