ပြည်တွင်း ခရီးသွားများ အတွက် ရထား လက်မှတ်ခများ မြင့်တက် သွားသော်လည်း နိုင်ငံခြားသား များ၏ လက်မှတ် နှုန်းထား များမှာ လတ်တလော မြင့်တက်ရန် အစီအစဉ် မရှိသေးကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန (နေပြည်တော်) စီးပွားရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
နိုင်ငံခြားသားနှုန်းတွေက ပြည်တွင်း ခရီးသည်တွေနဲ့စာရင် အစကတည်းက မြှင့်ယူထားလို့ လက်ရှိအတိုင်းလည်းမြင့်နေသေး တာကြောင့် ဈေးမတက်တာပါ ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ဘဏ္ဍာနှစ်တစ်နှစ်လျှင် ရထားစီးနင်းသော နိုင်ငံခြားသား ခရီးသည် ၁၈,ဝ၀ဝ ဦးခန့်ရှိသည်။ထို့ကြောင့် ရထားစီးနင်းသော လက်မှတ်ခမှ ရရှိသည့် နိုင်ငံခြား ဝင်ငွေမှာ တစ်နှစ်လျှင် ကန်ဒေါ် လာနှစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။
ဒေသအသီးသီးသို့ သွား သော ရထားခရီး စဉ်အကွာ အဝေး အလိုက် နိုင်ငံခြားသားများ၏ ရထားလက်မှတ်နှုန်း များမှာ ကွာ ခြားမရှိနိုင်သော်လည်း မြို့ပတ်ရ ထားစီးနင်းခမှာ တစ်ဦးလျှင် အမေရိ ကန်တစ်ဒေါ်လာနှုန်း သတ်မှတ် ထားကြောင်းသိရသည်။ ပြည်တွင်း ရထားလက် မှတ်ခ များကို နိုဝင်ဘာ ၁၅ရက်မှ စ၍ ခရီးဝေးသွားရောက်မှုကို လက်မှတ်နှုန်းထား သုံးဆခန့်နှင့် မြို့ပတ်ရထားစီးနင်းမှုအတွက် လက်မှတ်ခ ၁၀ ဆခန့်မြင့်တက်ခဲ့ သည်။
သိမ့်သိမ့်စိုး
Welcome to SeekaHost
1 week ago
0 comments:
Post a Comment