အမျိုးသား သတင်း ဆုပေးရေး ကော်မတီမှ မကြာမီ ချီးမြှင့်မည့် ဆုငါးမျိုး အတွက် Logo နှင့် ဆုရုပ်တုများ ပြိုင်ပွဲကို ထပ်မံ ပြုလုပ်မည် ဖြစ်ရာ ယခုလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး ပြိုင်ပွဲ ဝင်လိုသူများ ဆက်သွယ်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။ အထက်ပါ ပြိုင်ပွဲအတွက် ဆုပေးရေး ကော်မတီဥက္ကဋ္ဌ မြန် မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ရုံး၊ စာပေ ဗိမာန်အဆောက် အအုံ၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့် ရန်ကုန်မြို့ (ဖုန်း ၂၅၂၄၁၇) သို့ လိပ်မူပြီး ပေးပို့ ကြရန် ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကော်မတီသည် ယခု လာမည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ လအတွင်း ဆန်ခါတင်အဆင့်ကို ဝက်ဘ်ဆိုက်မှ တစ်ဆင့် အသိပေး ကြေညာ သွားမည် ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားများကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကျင်းပမည် ဖြစ် ကြောင်း သိရသည်။ အကောင်းဆုံး သတင်း၊ အကောင်းဆုံး အာဘော်ဆောင်းပါး၊ အကောင်းဆုံး သတင်းဆောင်းပါး၊ အကောင်းဆုံး သတင်းဓာတ်ပုံ၊ အကောင်းဆုံး သတင်းကာတွန်းဆု များကို တစ်ဆုလျှင် ကျပ် ၁၀ သိန်းစီချီးမြှင့်မည်ဟု သတင်း ထုတ်ပြန် ထားသော်လည်း ဆု ချီးမြှင့်ရာတွင်အသုံးပြုမည့်Logo နှင့် ဆုရုပ်တုဒီဇိုင်းများကို ရွေး ချယ်ခံရပါက ဆုကြေးမည်မျှပေး မည်ကိုမူ ဖော်ပြ ထားခြင်းမရှိပေ။
နိုင်လင်း
Welcome to SeekaHost
1 week ago
0 comments:
Post a Comment