စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 4, 2011

ကုန်ကုန်ပြောရရင် ဗိုလ်ချုပ်ရဲ့သမိုင်းရုပ်ရှင်ကို အရမ်းခမ်းနားစေချင်တဲ့ဆန္ဒပါဗျာ...


King Naresuan.....................

ဒီရုပ်ရှင်ကားက ထိုင်းနိုင်ငံမှာအခမ်းနားဆုံးလို့ဆိုရမဲ့ရုပ်ရှင်ပါ ၊ ဇာတ်လမ်းကတော့ ဘုရင့်နောင်မင်းတရားကြီးလက်ထက် ဟံသာဝတီနေပြည်တော်မှာကြီးပြင်းခဲ့တဲ့ နရဲစွမ်၊ (ဗျနရစ် ၊ဖရနရေ့)မင်းသားအကြောင်းရိုက်ကူးထားတာပါ၊

အယုဒ္ဓယကိုပြန်လည်စုစည်းပြီး မြန်မာကိုတွန်းလှန်တဲ့ ရာဇ၀င်ကိုပြန်ရိုက်ထားတာပါ၊ Part 4 အထိရှိပါတယ် ၊ တစ်ပိုင်းကို ၂ နာရီကျော်ကြာပါတယ်၊ ဇာတ်လမ်းရဲ့သဘောတရားကတော့ထိုင်းကရိုက်လို့ ထိုင်းဖက်ယိမ်းတာပေါ့ ၊ ဒါပေမဲ့ဗျာ အဲဒီမှာ ကျွန်တြော်မန်မာလူမျိုးတစ်ယောက်အနေနဲ့ ဇာတိသွေးဇာတိမာန်တက်ကြွရပါတယ်၊ ကျွန်တော်တို့ရဲ့ ဘုရင့်နောင်မင်းတရားကြီး စိတ်ဓာတ် ၊ ဟံသာဝတီနေပြည်တော် ရဲ့ကမ္ဘာကအထင်ကြီးလောက်အောင်ခမ်းနားမှု ၊ ဘုရားတွေ ၊ ထီးနန်းအခင်းအကျင်း ၊ မြန်မာဘုရင်ကသူ့ရဲ့လက်အောက်ခံ(အယုဒ္ဓယ၊ပိသျှနု အပါအ၀င်)ထီးဆောင်းမင်းအပေါင်းကို ညီလာခံခေါ်တာစတဲ့ခမ်းနားမှုတွေ၊ မြန်မာဘုရင်လက်အာက်ခံစစ်ဘုရင်တွေရဲ့ စစ်အခင်းအကျင်းတွေ၊ ထောင်သောင်းချီတဲ့ဆင်မြင်းဗိုလ်ပါတွေ ခန်းနားတဲ့ စစ်နည်းပရိယာယ်တွေပါဝင်တဲ့ မြို့သိမ်းတိုက်ပွဲတွေ ၊(အောက်ကဓာတ်ပုံများကိုကြည့်ပါ) ကုန်ကုန်ပြောမယ်ဗျာ ဘုရင့်နောင်ရဲ့လက်အောက်ခံစစ်ဘုရင်တပါးဖြစ်တဲ့တောင်ငူဘုရင်နတ်သျှင်နောင်ရတုစပ် တာကအစ ပါတယ်ဗျာ၊ .......ထိုင်းက အဲဒီရုပ်ရှင်အတွက်ဒေါ်လာ သန်းပေါင်းများစွာအကုန်ခံတယ်၊တပ်ကောအရပ်ဘက်ကော၊စီးပွားရေးသမားတွေရော ကူညီတယ်လို့သိရတယ်၊ လိုအပ်တဲ့နည်းပညာတွေကို အဆင့်အတန်းရှိလာပြီဖြစ်တဲ့ ထိုင်းရုပ်ရှင်နဲ့ ပြည်ပကနည်းပညာတွေတွေကရတယ်၊ မြင်းကောင်း တွေလိုလို့ လေယာဉ်စင်းလုံးနဲ့ သြစတေးသျှက မြင်းရောမြင်း Trainer ရော ခေါ်တယ် ၊ ထိုင်းတပ်မတော်ကကူညီတယ်လို့သိရတယ်၊၂၀၀၉-၂၀၁၀ မှာ part 1,2 ထွက်လာပါတယ် ၊နောက်တော့ထိုင်းဘုရင်က ခွင့်မပြုသေးလို့ ဆိုလား ကျန်တဲ့အပိုင်း ၂ ပိုင်းကို ၂၀၁၁ လောက်မှထွက်တာပါ ၊ မြန်မာရှေးခေတ်ဝတ်စားဆင်ယင်မှု ၊ မြန်မာနိုင်ငံရဲ့ထီးနန်းဓလေ့ကျွမ်းကျင်သူများ နဲ့ မြန်မာ့သမိုင်းလေ့လာသူများထံက အကြံဥာဏ်ယူခဲ့တာလို့သိရပါတယ်၊ ပဲခူးဟံသာဝတီနေပြည်တော် ကမ္ဘောဇသာဒီနန်းတော်ပုံစံ၊ညီလာခံ ရွှေပုလ္လင်ကအစ အကွက်ပုံစံဆင်အောင် လုပ်ထားတာကို တွေ့မှာပါ၊ ဒီကားမှာပါတဲ့ မြန်မာ ဘုရင့်နေပြည်တော်ရဲ့ခမ်းနားမှု ကို ကျွန်တော်တို့ဆီကသူတို့ခြေဖျားမှီအောင်တောင် မရိုက်နိုင်ပါဘူး၊ ရှက်လဲရှက်တယ် ၊သူတို့ရိုက်တဲ့ရုပ်ရှင်မှာပါတဲ့ကိုယ့်ဘုရင် ကိုယ့်နိုင် ငံရဲ့ ခန်းနားမှုကိုကြည့်ပြီး ကိုယ်ကဇာတိမာန်တွေကြွရတယ်၊ မြန်မာ့ ရုပ်ရှင်အဖွဲ့ရော ၊ ပြန်ကြားရေးဝန်ကြီးအပါအ၀င်ပြန်ကြားရေးအဖွဲ့ရော ၊မော်ကွန်းရုပ်ရှင်ရော ၊ ကကပြန်ဆိုလားဘာဆိုလား ၊အဲဒါတွေရော ရှက်တတ်ရင် လဲသေသင့်တယ် အဲဒီကားကြည့်ပြီးတော့ ၊ နှစ် ၂၀ အတွင်း မြန်မာဆိုတာဘာလဲလို့ပြောရမဲ့ ခမ်းနားတဲ့ရုပ်ရင်ဇာတ်လမ်း မရှိခဲ့ပါ ၊ မြန်မာရုပ်ရှင်အဖွဲ့တွေ..ငွေနောက်ပဲလိုက်နေတာပါ၊ အပေါစား home made ရုပ်ရှင်တွေ မြန်မာနိုင်ငံမှာ ကြက်ဥဖေါက်စက်ကထွက်လာသလိုတပြွတ်ပြွတ်နဲ့ မင်းသားမင်းသမီး တွေကလဲ သဘာဝမကျတော့ပါ ၊ ရုပ်ရှင်ရိုက်တဲ့နေရာတွေကလည်း ခြေရာခြင်းထပ်လို့မြောင်းတောင်ဖြစ်နေပါပြီ ၊ ဆင်ဆာကိစ္စကျတော့ပြောတတ်ပါတယ် ၊မင်းသားလူမင်းရဲ့ကျန်စစ်မင်းရုပ်ရှင်ကိုလေးစားပါတယ်၊ သူတတ်နိုင်တာလေးနဲ့ ကြိုးစားရှာပါတယ် ၊ ဒါပေမဲ့ အဲဒီမှာ လူမင်း မင်းသားမလုပ်သင့်ပါ ၊ မြန်မာနိုင်ငံရဲ့စစ်ဘုရင် တစ်ဦးရဲ့ ရုပ်ရည် ၊မြန်မာဆန်မှု နဲ့ခန့်ငြားမှုကို စိတ်ကူးထဲပုံဖေါ်ကြည့်ပါ ၊လူမင်းကျန်စစ်သားအဖြစ်သရုပ်ဆောင်လို့ဖြစ်မဖြစ် ပုံပေါ်ပါတယ် ၊ကျန်စစ်သားသည်မင်းသားမဟုတ်ပါ ကြမ်းတမ်းသောစစ်သူကြီးပါ ၊ king naresuan သရုပ်ဆောင်နဲ့ယှဉ်ကြည့်ပါ ၊မြန်မာရုပ်ရှင်အဖွဲ့တွေ တကယ်အရည်အချင်းကိုလည်း ဖေါ်ထုတ်စေလိုပါတယ်၊ ........မနေ့တနေ့က စင်ကာပူမှာ အောက်တန်းစားဂျလေဘီဆန်တဲ့ ဗီဒီယို ရုပ်ရှင်ကိုဘယ်သူကပြခွင့်ပြုတာပါလဲ ၊နိုင်ငံခြားမှာမြန်မာကိုသွား အရှက်ခွဲကြဦးမယ်ထင်ပါတယ် ၊ ဆင်ဆာကနိုင်ငံခြားမှာပြဖို့အဆင့်ရှိမရှိ မစိစစ်နိုင်ဘူးလားလို့မေးချင်ပါတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ခါတော်မီသာကူးသူဌေး များကလည်း မင်းသမီးများကျတော့စပွန်ဆာပေးတတ်ပြီး အမျိုးဂုဏ်တက်စေမဲ့ခန်းနားသောရုပ်ရှင်များအတွက် ငွေဘာလို့အကုန်မခံကြတာလဲ ...ကွာလို့လား...လို့မေးချင်ပါတယ် ၊ .....(ကျွန်တော့တူကို မြန်မာရာဇ၀င်ကားမပြဘူး ၊မြန်မာရာဇ၀င်သမိုင်းစာအုပ်တွေကိုပဲဖတ်ပြီးရှင်းပြရတယ် ၊ ကားကောင်းလဲမရှိသလောက် ပဲလေ ၊ လူငယ်တွေရဲ့စိတ်ထဲမှာ မြန်မာရာဇ၀င်ရုပ်ရှင်တွေထဲကခမ်းနား မှု၊ အဆောင်အယောင်တွေကြည့်ပြီးကိုယ့်သမိုင်းရဲ့ခမ်းနားမှု ကိုအထင်သေး မှာစိုးလို့ပါ ၊စာအုပ်ဖတ်ရှင်းပြတာက သူ့စိတ်ကူးထဲမှာပုံဖေါ်သလောက် ရတယ်လေ) ထိုင်းကလေး၊ လူငယ်တွေကို king naresuan ရုပ်ရှင်ပြ ပြီး မျိုးချစ်စိတ်တွေသွင်းနေကြပြီ ၊ ကုန်ကုန်ပြောရရင် ဗိုလ်ချုပ်ရဲ့သမိုင်းရုပ်ရှင်ကို အရမ်းခမ်းနားစေချင်တဲ့ဆန္ဒပါဗျာ...

(လွပ်လပ်စွာရှဲနိုင်ပါတယ်)

နမူနာကြည့်ချင်ရင်တော့ ..

King Naresuan 1

http://www.youtube.com/watch?v=0i1gaT7yzNo&feature=related

King Naresuan 2

http://www.youtube.com/watch?v=DOBQgnuebmI&feature=related

King Naresuan 3

http://www.youtube.com/watch?v=kBTLN-zrwV0&feature=related

King Naresuan 4 : The Nanda Bayin War

http://www.youtube.com/watch?v=sp2V90ntTwo

King Naresuan ဘုရင် အစစ်ပုံတူပန်းချီပါ ၊သရုပ်ဆောင်ပုံနှင့် နှိုင်းယှဉ်ကြည့်ကြပါ၊

ဇတ်ဝင်ခန်းများ

ညီလာခံခန်းမပုံစံ

ဇတ်ဝင်ခန်းများ


ဘုရင့်နောင်မင်းတရားကြီးအဖြစ်

ထိုင်းနိုင်ငံအယုဒ္ဓယမြို့ဟောင်းရှိ King Naresuan ရုပ်တု

.........
Pa Yit ....ြ မန်မာရုပ်ရှင်ကိုလဲအဲ့ဒီလိုဇာတ်လမ်းတွေ၇ိုက်ပြီး ရုပ်ရှင်ပွဲတော်တွေဘာတွေမှာပြစေချင်တယ် ဗျာ။ ဒါဟာမြန်မာ။ မြန်မာ့သမိုင်း ဟာဒီလိုဆိုပြီးလက်မထောင်ချင်တယ်။ ဆိုလိုတာ ကငါတို့သမိုင်းကဒီလိုဆိုပြီးချပြစရာ ဇာတ်လမ်းခုထိကျွန်တော်တို့မှာ မရှိသေးဘူး။ အဲ့ဒါကိုဆိုလိုတာပါ။ ခံစားရတာနဲ့အမြင်ကိုရေးပြတာပါ အမှားပါရင်လဲခွင့်လွှတ်။

Yan Aung....... မြန်မာစာတမ်းထိုးနဲ့တောင် ရှိပါတယ်ဗျာ..။ ထိုင်းကကောင်တွေ မြန်မာလိုစာတမ်းထိုးတာတာ တိတိကျကျပါပဲ။

Yan Aung
အဲဒီကားကို အစ အဆုံး ကြည့်ဖူးတယ်ဗျ။ ယိုးဒယားက ရိုက်တာဆိုတော့ သူ့ဘက်ကိုပါအောင် ရိုက်တာဖြစ်ပေမယ့် ကြည့်ရတဲ့သူရင်ထဲကို စွဲသိမ်းသွားအောင် ရိုက်တတ်တယ်။ ကိုရီးယားကာတွေကြည့်ပြိး ကြေကွဲတတ်တဲ့ မြန်မာအမျိုးသမီးတွေသာ အဲဒီကားကိုကြည့်ဖူးရင် ယိုးဒယားဘုရင့်သား ဗြနရာဇ် ကို သနားပြီး ကိုယ့်မြန်မာတွေကို ဗီလိန်လို့ မြင်လာမယ့် ရုပ်ရှင်ဇာတ်လမ်းမျိုးပါ။ နောက်ဆုံး ဘယ်လောက်အထိတောင်ယူဆနိုင်သလဲဆိုရင် အဲဒီသမိုင်းကို အမှန်ထင်ပြီး မြန်မာက အလကားပဲ လို့တောင် ထင်သွားလောက်အောင် အားထုတ်ထားတယ်..။


်facebook မှ

0 comments: