စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, December 6, 2011

ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့် ဥပဒေပြဋ္ဌာန်းပြီး ပထမဆုံး ဆန္ဒပြရန်လျှောက်ထား

ယခုလ ၂ရက်နေ့နေ့စွဲဖြင့် သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်ဥပဒေကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းပြီးနောက် ရန်ကုန်မြို့မှ တသီးပုဂ္ဂလ ဦးဝင်းချိုက ပထမဆုံး ဆန္ဒပြရန် လျှောက်ထားသူအဖြစ် ဒဂုံမြို့နယ်ရဲမှူးထံသို့ ယမန်နေ့က လျှောက်ထားသည်။

ဦးဝင်းချို အပါအ၀င် စုစုပေါင်း ၆ ဦးက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ဆန္ဒပြခွင့်ကို ဒီဇင်ဘာ ၅ ရက်နေ့နေ့စွဲဖြင့် ဒဂုံမြို့နယ်ရဲမှူးထံ တောင်းခံခဲ့ရာ၊ ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာနမှ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပေးရန် ကျန်ရှိနေသေးသဖြင့် ယင်းကဲ့သို့ ထုတ်ပြန်ပြီးမှ ပြန်လည်လျှောက်ထားပါရန် ယနေ့နံနက်ပိုင်းတွင် လျှောက်ထားသူ များအား အကြောင်းပြန်ခဲ့ကြောင်း ဦးဝင်းချိုက YPI သို့ပြောသည်။

၂၀၀၈ အခြေခံဥပဒေ အသက်ဝင်ပြီးနောက် ယခုနှစ် ဇွန်လ ၅ ရက်နေ့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့် ကို ရယူသုံးစွဲလိုသဖြင့် ၎င်းတို့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ ဆန္ဒပြခွင့်လျှောက်ထားခဲ့ဖူးသေးကြောင်း ဦးဝင်းချိုကပြောသည်။ သို့ရာတွင်ထိုစဉ်က အစိုးရ သက်တမ်းနုနယ်သေးခြင်းနှင့် နည်းဥပဒေများ မထုတ်ပြန်ရသေးသဖြင့်ဟု အကြောင်းပြပြောဆို၍ ငြင်းပယ်ခဲ့ဖူးသည်ဟုလည်း ဦးဝင်းချိုက ပြောသည်။

၎င်းကပင် “ကျွန်တော်တို့ကို ပေးကိုပေးမှာပါ၊ သို့ပေမယ့် ဘယ်နေ့တော့မသိသေး” ဟုမှတ်ချက်ချ ပြောဆိုသည်။

ယခုအကြိမ် ဆန္ဒပြမည့် အကြောင်းအရာမှာ အချက်သုံးချက်ရှိသည်ဟု ဦးဝင်းချိုကပြောသည်။ ၎င်းတို့မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သတင်းစကားပေးပို့လိုခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးတွက် မြင်တဲ့အချက်အလက်များကို သတင်းစကားပေးပို့လိုခြင်းနှင့် တရားမျှတမှုအတွက် သတင်းစကားပေးပို့လိုခြင်းတို့ ကြောင့် ဆန္ဒပြရန် ခွင့်တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းချိုကပြောသည်။

မကြာမီဖွင့်လှစ်မည့် သင်္ဃန်းကျွန်းဈေးကြီး ဆိုင်ခန်းနေရာချထားခြင်းနှင့် ပတ်သက်၍လည်း မူလဆိုင်ခန်းရှင်အချို့က မကျေနပ်ချက်များထွက်ပေါ်လျှက်ရှိရာ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးသိန်းညွှန့်က သက်ဆိုင်ရာမှဖြေရှင်းပေးရန် တင်ပြမည်ဖြစ်ပြီး အကယ်၍ ပြေလည်ခြင်းမရှိပါက ၎င်းကိုယ်တိုင်ဦးဆောင်၍ ငြိမ်းချမ်းစွာစုဝေး ဆန္ဒပြမည်ဟုလည်း ပြောဆိုထားသည်။

ယခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ နေရာ ၂ နေရာ၌ စက်တင်ဘာ သံဃာ့အရေးအခင်း ၄ နှစ်မြောက်နှင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး ဆုတောင်း ဆန္ဒပြခဲ့ကြရာ၊ ရဲလုံခြုံရေးများက လာရောက်ပြီး အချိန်ကန့်သတ်ခြင်း၊ သွားမည့်နေရာကန့်သတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အခြေခံဥပဒေ အသက်ဝင်သော်လည်း ဥပဒေအသစ်မပြဋ္ဌာန်းမီ နကိုရှိရင်းစွဲဥပဒေသာ အတည်ဖြစ်သည်ဟူသော ပုဒ်မ ၄၄၆ ဖြင့်ကိုးကားပြောဆို၍ ဆန္ဒပြသူများအား လူစုခွဲစေခဲ့သည်။

ထိုစဉ်က ဆန္ဒပြသူများ အနေဖြင့် ဆူးလေစေတီတွင် ၁၅ မိနစ် ဆုတောင်းခွင့်ရပြီးနောက် လူစုခွဲခဲ့ကြသလို ဒဂုံမြို့သစ်ဘက်မှ လာရောက်သည့် ဆန္ဒပြသူများကိုမူ ကမ္ဘာအေးဘုရားလမ်းနှင့် န၀ဒေးလမ်းဆုံမှ တားဆီးကာ လူစုခွဲစေခဲ့သည်။

0 comments: