စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 4, 2011

တက္ကသိုလ်ဝင် မေးခွန်းပေါက်ခြင်း ယခုနှစ် တွင် လုံးဝရှိမည် မဟုတ်ဟုဆို

ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာ ထုတ်ခြင်းကိစ္စကို စနစ်တကျဆောင်ရွက် ထားပြီးပြီဖြစ်၍ မေးခွန်းပေါက်ခြင်း ကိစ္စဆိုသည်မှာ လုံးဝရှိနိုင်မည် မဟုတ်ကြောင်း နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာနမှ သိရသည်။ လုံးဝကို မေးခွန်းမပေါက် စေရဘူး။ ကြပ်ကြပ်မတ်မတ်ကို လုပ်ထားပြီးပြီ။ ဒီနှစ်ကို နိုင်ငံခြား စာစစ်ဌာနပါ ပါရင် မေးခွန်း ၁၁ စုံ ထုတ်မယ် ဟုဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။

နှစ်စဉ် တက္ကသိုလ်ဝင်တန်း ဖြေဆိုချိန် နီးလာပါက ခန့်မှန်းမေးခွန်းများ၊ ကွက်တိမေးခွန်းများ နှင့် ပေါက်မေးခွန်းဟူ၍ အမည် အမျိုးမျိုးတပ်ကာ မြန်မာ့ပညာ ရေး ဈေးကွက်၌ အရောင်း အဝယ်သွက်လျက် ရှိနေပြီး ဖြေဆိုသည့်နေ့၌ တလွဲစီဖြစ်နေမှု များကို ကျောင်းသားများ နှစ်စဉ် ကြုံတွေ့ ရလေ့ရှိကြောင်း၊ သို့ သော်လည်း နှစ်စဉ်၊ နှစ်တိုင်း ထို ဈေးကွက်မှာ ပပျောက်ခြင်းမရှိဘဲ ရှင်သန်ကြီးထွားနေရခြင်းမှာ အနီး ကပ်မှ စာကျက်မှတ်သည့် တစ်ပွဲတိုး ကျောင်းသားများကြောင့်ဖြစ်ကြောင်း မြန်မာ့ပညာရေး အသိုင်းအဝိုင်းက သုံးသပ်သည်။

စပေါ့ရိုက်ကျက်တာတို့၊ ရက် နီးမှ စပေါ့ထွက်တယ်ဆိုတဲ့ အတွေး နဲ့ အဲ့ဒီအချိန်မှ စာလုပ်တာတို့ဆိုတာ ကျောင်းသားအတွက်မကောင်းပါဘူး။ ဒါကို သဘောပေါက်သင့်ပါတယ်။ ကျန်ခဲ့တဲ့အချိန်ကို ထားခဲ့ပါတော့။ အခုအချိန်က စရင်လည်း ကျောင်း သားအတွက် လုံလောက်ပါသေး တယ်ဟု ဝါရင့်ကျောင်းဆရာမ တစ်ဦးက ပြောသည်။ လက်ရှိ၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် ရက် ၁၀ဝ နီးပါးခန့်သာ လိုတော့ပြီး ကျောင်းသားအတွက် စာကျက်ပျင်းစေနိုင်သည့် နှစ်စဉ် စာမေးပွဲနီးကပ်လျှင် ထွက်ပေါ်လေ့ ရှိသော ထိုမေးခွန်းတု ဂယက်ကိုထိ ရောက်စွာ အရေးယူသင့်ကြောင်း မြန်မာ့ပညာရေး လေ့လာသူများက ဆိုသည်။

ဒါက ဖြစ်ရိုးဖြစ်စဉ်ပေမယ့် ခံခဲ့ရတဲ့လူတွေ များနေပြီ။ ဒီတော့ ကာ ဒီမေးခွန်းလာရောင်း တယ်ဆိုပါ တော့ ဘယ်ကရလဲ၊ ဘယ်သူ ပေးတာလဲဆိုပြီး အဆင့်ဆင့် လိုက်မယ်ဆို မဟုတ်တာလုပ် တဲ့သူကို ဖော်လို့ရမှာပဲ။ ဒါမှ ဒီဈေးကွက် ပျောက်သွားမှာဟု လသာမြို့နယ်မှ ကျောင်းသား မိဘတစ်ဦးက အကြံပြုသည်။ ယခင်က တက္ကသိုလ်ဝင် တန်းစာမေးပွဲကို တစ်နိုင်ငံလုံး၌ မေးခွန်း တစ်စုံတည်းသာထုတ်ခဲ့ ရာမှ ၂၀ဝ၁-၂၀ဝ၂ ပညာ သင်နှစ်မှစကာ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် အပါအဝင် နိုင်ငံခြားစာစစ်ဌာနတို့ အတွက် ပါခွဲကာ မေးခွန်း ၁၁ စုံအထိ တိုးမြှင့်၍ ထုတ်ခဲ့ကြောင်း သိရ သည်။

မင်းသုအောင်

0 comments: