စုံစမ်းကြပါဦးဗျို့ ...နားမလည်နိုင်တော့ဘူး
ဒါကြောင့် ပြည်တွင်းမှ သတင်းမီဒီယာများ အနေနဲ့ အဖြစ်မှန်ကို သက်သေ ပြနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်..။ အစိုးရဘက်မှလည်း အဖြစ်မှန်တွေအတွက် မှတ်တမ်းတင် ဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်..။ တိုင်းရင်းသားအရေး၊ အမျိုးသားရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ အရေးပါ။
အောက်ပါ blog မှ ရေးသားချက်များ
=============================================Saturday, June 9, 2012
အပိုင်း (၃) မောင်းတော့မြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်
အနည်းဆုံး ရိုဟင်ဂျာရွာပေါင်း (၃၀)ကျော် မီးရှို့ခံရပြီး ရိုဟင်ဂျာ ဦးရေး ခလေး လူကြီးနည်းဆုံး (၁၀၀)နီးပါး
အကြမ်းဖြတ်သတ်ဖြတ်ခံရကြောင်း ထိုသို့ သတ်ဖြတ်ရာတွင် ရခိုင်လူမျိုးအရပ်သားများက သတ်ဖြတ်ခြင်း
မဟုတ်ဘဲ စစ်သားနှင့် ရဲတပ်ဖွဲ့တို့က အရပ်သားဟန်ဆောင်၍ အကြမ်းဖက်သတ်ဖြတ်နေကြောင်းသိရသည်။
မိုးဆယ်အုပ်စုက ရိုဟင်ဂျာရွာအားလုံး၊ ၃ မိုင် ၊ ၄မိုင် ရှိရိုဟင်ဂျာရွာများနှင့် မြို့ ဦး ဒူလာဖာရာရှိ ရိုဟင်ဂျာရွာ
အားလုံးရှိ အိမ်းပေါင်း ထောင်ကျော် မီးရှို့ခံရပြီး အိမ်တွင်းနေ အိမ်သားများ အိမ်ပြင်ထွက်လာပါက
အဆင်သင့် စောင့်နေသူ စစ်သား ရဲသားများက သေနတ်ဖြင့် ပစ်ခတ်၍ အကြီးအကျယ်သတ်ဖြတ်နေကြောင်း
သိရသည်။ ရိုဟင်ဂျာကို မျိုးပြုတ်သတ်ဖြတ်နေသူများသည် ရခိုင်လူမျိုး ရဲတပ်ဇွဲ့ဝင်များ၊ န.စ.က တပ်ဖွဲ့ဝင်များ
နှင့် လုံထိန်းများနှင့် စစ်သားများသာဖြစ်ပြီး အရပ်သား ရခိုင်လူမျိုးအားလုံးကို ဘုန်းကြီးကျောင်းအသီးသီး၌
ထိန်းသိမ်းထားကြောင်းသိရသည်။
ဆက်လက်ပြီးတင်ပေးပါမယ် ကျွန်တော်စာရေးသူသည် အခုအချိန်ထိ မောင်းတောကို ဖုန်းဖြင့် စကားပြော
နေပါသည်။ ကြားသမျှသတင်းများကို အချိန်နဲ့ တပြေညီတင်ပေးပါမည်။
ရခိုင်ပြည်နယ်က မူစလင် ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်ရန် ကြိုတင်စီစဉ်းထား၍ အကြမ်းဖက်
သတ်ဖြတ်နေကြောင်းသိရသည်။ အချို့ သတင်းများမှာ ရိုဟင်ဂျာများက လုပ်နေသလိုလို သတင်းလွှင့်ကာ
တကယ်တန်း အမှန်စင်စစ် သတ်ဖြတ်ခံရသူတွေဟာ ရိုဟင်ဂျာလူထုများသာဖြစ်နေပါသည်။
ဒီသတ်ဖြတ်မှုမှာ သတင်းမှားတွေ လွှင့်နေသော သတင်းဌာနအားလုံး တာဝန်ယူ ဖြေရှင်ရပါလိမ့်မည်။

http://myanmarrohingyalibrary.blogspot.se/2012/06/blog-post_09.html
0 comments:
Post a Comment