စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, June 9, 2012

မောင်တောမြို့တွင်း စစ်တပ်တွေ ရောက်လာပြီး ပိတ်မိနေသူများကိုရှာဖွေ ကယ်ထုတ်နေ





ဇွန်လ ၉ ရက်၊ ၂၀၁၂ ၊ YPI ။ မနက် ၂ နာရီ

ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မောင်တောမြို့တွင်းသို့ ဘူးသီးတောင်နှင့် မောင်တောအကြား အခြေစိုက်သည့် တပ်ရင်းများမှ စစ်တပ်များ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း ၀င်ရောက်လာပြီး မောင်တောမြို့တွင်းရှိ မြို့တွင်း နေအိမ်များ ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ရခိုင်လူမျိုးများအား ရှာဖွေကယ်ထုတ်နေသည်ဟု မောင်တောမြို့ခံတဦးက ဆက်သွယ် ပြောဆိုသည်။

ယင်းတပ်များ ၀င်လာနေစဉ်မှာပင် ဗိုလ်မှူးရွာဘက်မှ ဘင်္ဂါလီလူမျိုး လူအုပ်စုလည်း မကွဲသေးပဲ တက်လာနေသည်ဟု ယင်းမြို့ခံက ပြောသည်။
သေနတ်သံများ လေးဘက်လေးတန်မှ ကြားနေရကာ ၎င်းတို့အနေဖြင့် မအိပ်နိုင်ပဲ အခြေအနေကို နားစွင့်နေကြရသည်ဟုလည်း ပြောသည်။

စစ်တပ်အသိုင်းအ၀ိုင်းမှ ရရှိသည့် ခိုင်လုံသည့် အခြား သတင်းတရပ်အရ ရခိုင်ပြည်နယ်ရှိ စစ်တပ်အင်အား အများစုမှာ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ လက်နက်ပြည့် ကျည်ပြည့်ဖြင့် ရောက်ရှိနေကြပြီဟု ဆိုသည်။

ယနေ့နေ့လည်ပိုင်းက အဖြစ်အပျက်နှင့် ယခုလတ်တလော ပစ်ခတ်မှုများတွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO Rohingya Solidarity Organization အဖွဲ့မှ ပါဝင်ပတ်သက်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

ယင်း RSO အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် အခြေစိုက်သည့် အဖွဲ့ဖြစ်သည်။

မိတ္ထီလာ လေတပ်လည်း အသင့်အနေအထား ပြင်ဆင်


မောင်တော နှင့် ဘူးသီးတောင်တို့တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်အတူ နယ်စပ်လုံခြုံရေးအတွက် လိုအပ်လျင် အသုံးပြုနိုင်ရန် မိတ္ထီလာလေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ ။

Yangon Press International

0 comments: