စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 4, 2011

ကျောက်ဖြူမြို့နယ် ဘောရဘာကျေးရွာအနီးမှ ရွှံ့မီးတောင်ပေါက်ကွဲ

ချော်ရည်များ ပွက်ထနေသည်ကို တွေ့မြင်ရစဉ်


နိုဝင်ဘာလ ၂၆ ရက်နေ့နံနက် ၇ နာရီတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဘောရဘာကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် ရှိသော ရွှံ့မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးတောင်ပေါက်ကွဲမှုကို ဘောရဘာကျေးရွာမှ လယ်သမားတစ်ဦး က “ရွှံ့မီးတောင် မနက် ၇ နာရီမှာ စပြီး ပေါက်ကွဲတာ ညနေ ၅ နာရီ အချိန်လောက်မှ ငြိမ်သက်သွားခဲ့တယ်။ ပေါက်ကွဲမှုက နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး မနက် ၇ နာရီခန့်မှာ ပထမတစ်ကြိမ် ပေါက်ကွဲတဲ့အခါ ချော်ရည်တွေက အမြင့်ပေ ၂၀ ခန့် လောက် ပန်းထွက်သွားတယ်။ ဒုတိယတစ်ကြိမ်က မွန်းလွဲ ၂ နာရီ ခန့်မှာဖြစ်ပေါ်ခဲ့ပြီး ချော်ရည်တွေ အမြင့် ၁၀ ပေခန့်ထိ မြင့်တက်ခဲ့ တယ်”ဟု အဆိုပါ လယ်သမားက ပြောကြားသည်။

“ချော်ရည်တွေတဗွက်ဗွက်နဲ့ ထွက်နေတာကြောင့် တောင်ကုန်းပေါ်မှာ ခြောက်ဧကခန့်လောက် ချော်ရည်တွေ ပြန့်ကျဲသွားတယ်။ ချော်ရည်တွေဟာ အဲဒီနေရာမှာ အရင်တုန်းက မီးတောင်ပေါက်ကွဲတဲ့အခါ ချော်ရည်တွေ စီးဆင်းခဲ့တဲ့ လမ်းကြောင်းအတိုင်း တောင်ဘက်ကို လေးဖာလုံခန့် စီးဆင်းသွားခဲ့တယ်။ မီးတောင်နားမှာ ရှိတဲ့ လယ်မားတွေ က စပါးရိတ်သိမ်းမယ့် အချိန်နဲ့ နီးကပ်နေတာကြောင့် ချော်ရည်တွေ စီးဆင်းလာမှာကို စိုးရိမ်နေကြတယ်”ဟု ဘောရဘာကျေးရွာမှ အခြားလယ်သမားတစ်ဦးက ပြောပါ သည်။

0 comments: