မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် ဒီဇင်ဘာလ ၃ ရက် နေ့ ည ၇ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါဖြစ်စဉ်ကို ကုန်သွယ် ရေးဇုန်အပြင်ဘက် အများသုံးလမ်းမကြီးရှိ စစ်ဆေးရေးဂိတ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အနီးတွင် မျက်မြင်တွေ့ရှိသူ တစ်ဦးကလည်း “အဲဒီ ဗုံးကွဲသွားတဲ့အချိန်က မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကုန်သည်တွေ တက်ရောက်မဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမဲ့အချိန် မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
0 comments:
Post a Comment