မြန်မာ သတင်း မီဒီယာတွေမှာ သတင်းထောက်တွေဖက်ရော သတင်းလုပ်တဲ့-သတင်းဖြစ်တဲ့ News Maker တွေဖက်မှာပါ သတိထားဖို. ဆင်ခြင်ဖို.တွေ အများကြီး လိုနေပါသည်။ အထူးသဖြင့် ကင်မရာရှေ.မှာ မိုက်ကရိုဖုန်းတွေ ရှေ.ကနေ လူအများစု လူထုကြီးဆီ ရောက်စေတဲ့ သတင်းစကားတွေ ပါးတဲ့အခါ စကားလုံး အသုံးအနှုန်း ခေါ်ဝေါသုံးစွဲတဲ့ အပြောအဆို စကားလုံးတွေ အထူးသိထားဖို. လိုပါသည်။
ဘာသိဘာသာနဲ. သတိမထားမိပဲ အမှတ်တမဲ့ လုပ်မိတဲ့အမူအရာတွေ အခေါ်အဝေါ်တွေဟာ News Media/ Public Broadcasting/ Mass Communication တွေ အပေါ်မှာဆိုရင် အတော်ကို အရုပ်ဆိုးပါတယ်။ မြင်ရတာ အကျီးတန်သွား စေပါသည်။
မြန်မာပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနဲ. The Wall Street Journal သတင်းစာတို. အင်ဒိုနီးရှာနိုင်ငံမှာ လုပ်တဲ့ တွေ.ဆုံ မေးမြန်းခန်း-Exclusive Interview ကို သေခြာ ကြည့်ရင် ၀န်ကြီးဦးကျော်ဆန်းဟာ သတင်းထောက်နဲ. အင်တာဗျူးလုပ်နေတုန်း လက်တဖက်က ခြေဖ၀ါးကို ပွတ်လိုက် သတ်လိုက်နဲ. ခြေဖ၀ါးက အရေပြားခြောက်တွေကို ကုတ်ခြစ်ပြီး ခွာနေတာ Dried Skin ခြေထောက်က အရေခွံခြောက်တွေကို လက်ကြီးနဲ. ချေမွပွတ်သက်နေတာကို တွေ.ရမှာ ဖြစ်ပါသည်။ ဒါဟာ နိုင်ငံတော်အဆင့် ၀န်ကြီး တဦးအနေဖြင့် အထူးသဖြင့် ပြန်ကြားရေး ၀န်ကြီးတဦးအနေဖြင့် မလုပ်သင့်ပါဘူး။ အင်တာဗျူး လုပ်နေတဲ့အချိန် ကင်မရာတွေ ဗွီဒီယိုတွေနဲ. ရိုက်နေတုန်းမှာ အခုလို ညစ်ညစ်ပတ်ပတ်နဲ. လက်ကြီးနဲ. ခြေထောက်ကို ကိုင်နေတာ။ ခြေဖ၀ါးက အရေခွံတွေကို လက်ကြီးနဲ. လူကြားသူကြားမှာ ခွာနေတာ ကုတ်ခြစ်နေတာဟာ မြင်ရတာ အတော် ဆိုးပါသည်။ ၀န်ကြီးကတော့ သိမယ် မထင်ဘူး။ မြင်ရတာကတော့ တော်တော်ကို ဆိုးပါသည်။ ရွံစရာပါ။
အဲဒီလို လက်ကြီးနဲ. လူကြားမှာ ခြေဖ၀ါးကို ကိုင်နေ ပွတ်သတ်နေ အရေခွံတွေကို ခွာနေ ခြစ်နေတာကို တမင်လုပ်တာ မဟုတ်ပဲ အမှတ်တမဲ့ ဘာသိဘာသနဲ သတိမထားမိပဲ လုပ်နေခြင်းပါ။ ဒါပေမယ့် ဒီလို ကိုယ်အမူအရာတွေ လက်ဟန် ခြေဟန်တွေဟာ ကင်မရာတွေ ဗွီဒီယိုတွေထဲမှာ ပါသွားပြီး လူအများစုကို ပြသတဲ့ News Media & Mass Communication တွေ TV ဖန်သားပြင်တွေ ကွန်ပြူတာ Screen တွေကနေ ပြမြင်ရတဲ့အခါ အတော်ကို ရိုင်းနေပြီး မြင်ရသူအတွက် မသတီစရာလို ဖြစ်နေပါသည်။ ဒါမျိုးတွေဟာ မြန်မာ News Makers-သတင်းတွေလုပ်သူတွေအနေနဲ. နိုင်ငံတကာ သတင်းမီဒီယာတွေနဲ. တိုးမယ်ဆိုရင် ကြိုတင် စဉ်းစား သတိထားရမည့် အချက်ပါ။
ထို.အတူပဲ မြန်မာသတင်းသမားတွေဖက်မှာလဲ ဆင်ခြင်စရာတွေ ရှိနေပြန်ပါသည်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ. ပြည်တွင်းပြည်ပက သတင်းသမားတွေ တွေ.ဆုံ မေးမြန်းတဲ့အခါ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ကို အဘ အဘ ဆိုပြီး ရည်ညွှန်းခေါ်ဆိုတာ သတင်းသမား တဦးအနေဖြင့် မသင့်တော်ပါ။ မခေါ်သင့်ပါ။ ပုဂ္ဂိုလ်ရေးအရ ရိုသေ လေးစားတာနဲ. အလုပ်သဘောအရ ဆက်ဆံရတာကို ခွဲခြားဖို. စည်းခြား ထားဖို. လိုပါသည်။ Personally အရ ရိုသေလေးစားလို. အသက်အရွယ် ကြီးသူဖြစ်လို. ဦးကြီး ဦးလေး အကို အဒေါ်။ ဆရာ အဘ အဖွား အမေ အပြင်မှာ ခေါ်တာ သင့်တော်ပါသည်။ ဒါပေမယ့် သတင်းလုပ်တဲ့အခါ သတင်းရေးဖို. သတင်းမေးတဲ့ Interview လုပ်တဲ့အချိန်မှာတော့ Professionally အရ စဉ်းစားပြီး အဓိက စိတ်ထဲ ခေါင်းထဲမှာ ရှိသင့် ထားသင့်တာက ပရိသတ်တွေက ဘာတွေ သိချင်သလဲ ပရိသတ်တွေ သိချင်တဲ့ဟာ သိဖို. လိုအပ်တဲ့အရာတွေကို မေးဖို.လိုပါသည်။ အဲဒီလို သတင်းမေးတဲ့အချိန်မှာတော့ သက်ရာဆိုင်ပုဂ္ဂိုလ်၏ နာမည် မဟုတ်ရင် ရာထူးကို ရည်ညွှန်းပြီး ခေါ်သင့်ပါသည်။ အခု ကိစ္စမှာဆိုရင် ၀န်ကြီးတို. အစိုးရအဖွဲ.အနေဖြင့် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲသင့်ပါသည်။ အခုတော့ RFA သတင်းထောက် ဦးခင်မောင်စိုးရော ရန်ကုန်တိုင်းစ် သတင်းထောက် ဦးကိုကို(စက်မှု) တို. ကိုယ်တိုင်က ၀န်ကြီး ဦးကျော်ဆန်းကို အဘ အဘ နဲ. ဆိုပြီး မေးမြန်းပြောဆို ခေါ်ဝေါ်သုံးစွဲခြင်းဟာ Journalistic Professional Standard အရ သတင်းလုပ်တဲ့အချိန်မှာ မခေါ်သင့်ပါ။ မသုံးသင့်ပါ။ သီးသန်. သတင်းမေးပြီးတဲ့အခါ အပြင်မှာ အလွတ်သဘော ပြောဆိုတဲ့အချိန် လူမှုရေးအရ သာရေး နာရေး Social Talk လုပ်တဲ့အချိန်မှာတော့ ကိုယ် ခေါ်ချင်သလို ခေါ်ပါ။ လူမှုရေးအရ အရိုအသေ ပေးလို. သင့်တော်ပါသည်။ အခုတော့ သတင်းနားထောင်ရတာမျိုး မဟုတ်တော့ပဲ မြေးအဖိုး စကားဝိုင်းလို ဖြစ်သွားပါသည်။ အဘိုးနဲ. မြေးပြောသလိုဖြစ်သွားရင် Objectivity, Impartiality and bias တွေမှာ ထိခိုက်မှု compromised ဖြစ်သွားနိုင်ပါသည်။
အခုတော့ သတင်းလုပ်တဲ့အချိန်မှာ အဘ အဘ ဆိုတာ သတင်းထောက်တဦးနဲ. နိုင်ငံရေးသမားတို. ၀န်ကြီးတို.အကြား ထားရှိရမည့် level တူ ဆက်ဆံရေးမျိုးနဲ. မညီပဲ ဖြစ်နေပါသည်။ ၀န်ကြီးက အုပ်ချုပ်ရေးတာဝန်နဲ. လူထုအကျိုး လုပ်နေသလို သတင်းသမားကလဲ လူထုအတွက် အစိုးရ၏ မူဝါဒတွေကို လူတွေ သိအောင် သတင်းပေးနေတဲ့ တာဝန်ကို ယူနေရသူမို. Equally Important အရေးကြီးတဲ့တာဝန်တွေကို လုပ်နေသူ အချင်းချင်း ဖြစ်ပါသည်။ ဒါကြောင့် အလုပ်သဘောအရ တန်းတူထားပြီး ဆက်ဆံ ပြောဆိုဖို. လိုပါသည်။ Professional Standard should not be compromised with Personal relation.
အဘ အဘ ဆိုတဲ့ ယဉ်ကျေးမှုဟာ စစ်တပ်ထဲက ယဉ်ကျေးမှုဖြစ်တာမို. စစ်တပ် အတွင်းမှာ ရာထူးကြီးသူ ၀ါကြီးသူကို ငယ်တဲ့သူက အဘ ခေါ်တာ သူတို. စနစ် သူတို.ယဉ်ကျေးမှုဖြစ်တာမို. ဘာမှ ပြောစရာ ဝေဖန်စရာ မလိုပါ။ ဗိုလ်ဖြစ်သူက ဗိုလ်မှူးကြီးကို အဘ ခေါ်သလို ဗိုလ်မှူးကြီးကလဲ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေကို အဘ ပြန် ခေါ်တာ ဒါဟာ မြန်မာ့ စစ်တပ်၏ တပ်တွင်း ယဉ်ကျေးမှုးပါ။ စစ်သား စစ်သားချင်း အပြန်အလှန် ခေါ်ဝေါ်တဲ့ အစဉ်အလာပါ။ ဒါပေမယ့် အခု ထောက်ပြတာက ၀န်ကြီးတဦးကို သတင်းထောက် တဦးက အဘ အဘနဲ. ခေါ်ပြီး သတင်းရေးတာ သတင်းလုပ်တာ တွေ.ဆုံမေးမြန်းခန်းလုပ်တာဟာ News Media & Mass Communication တွေကနေ ပြန်ပြီး တွေ.မြင်ရတာ ကြားရတာ လုံးဝ မသင့်တော်ပါ။ ကိုယ်အလုပ်နဲ. ကိုယ့်ရဲ့ Profession ကို လေးစား တန်ဘိုးထားဖို. သတင်းသမားတွေမှာ လိုပါသည်။ ကိုယ့်အလုပ်ကိုယ် လုပ်တာ ဖြစ်လို. ၀န်ကြီးအလုပ်က သတင်းသမားအလုပ်ထက် မြင့်တယ် ဂုဏ်ရှိတယ်လို. မယူဆ သင့်ပါ။ ၀န်ကြီးလဲ ၀န်ကြီးအလုပ် လုပ်သလို ငါတို. သတင်းသမားတွေလဲ သတင်းသမားအလုပ်ကို လုပ်နေတာပဲလို. သတိရှိဖို. လိုပါသည်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို. ဦးဝင်းတင်တို.နဲ. မေးမြန်းတဲ့အခါမှာလဲ အန်တီတို. အမေစုတို. ဆရာတို.ဆိုတာ သတင်းထောက်တဦးအနေဖြင့် အလုပ် လုပ်နေတဲ့အခါ သတင်းရေးတဲ့အခါ မသုံးစွဲသင့်ပါ။ သက်ဆိုင်ရာ ရာထူးနှင့် တာဝန်တွေကို ရည်ညွှန်း ခေါ်ဆို သုံးစွဲသင့်ပါသည်။ ဒါအပြင် သတင်းနားထောင်တဲ့ပရိတ်သတ်တွေ သတင်းဖတ်တဲ့ စာဖတ် ပရိသတ်တွေထဲမှာ အဲဒီသူတွေထက် ၀ါရင့်တဲ့သူ အသက်ကြီးသူတွေလဲ ရှိနေနိုင်ပါသည်။ သတင်းသမားတဦးအနေဖြင့် အလုပ်ပြီးတဲ့အခါ အလွတ်သဘော စကားပြောတဲ့အခါ ပုဂ္ဂိုလ်ရေးအရ မိမိ၏ ဆန္ဒသဘောထားအတိုင်း ကြိုက်သလို ခေါ်ဆိုနိုင်ပါသည်။ သို.သော် သတင်းထဲမှာတော့ Personal believe or personal Respect တွေ ထည့် မရေး ထည့်မသုံးသင့်ပါ။ Keep your personal believe, opinion and feel from you are doing or writing news as a journalist. Otherwise there is conflict of interest.
CBC, ABC, CBS, BBC, CNN စတဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာ Media Language Usage Guide ဆိုတာ ရှိပြီး သတင်းအခန်း-News Room မှာ စနစ်တကျ လိုက်နာရမည့် အခေါ်အဝေါ် အသုံးအစွဲ စကားလုံး သတ်မှတ်ချက် စည်းကမ်းတွေ ရှိပါသည်။ Doctor-Dr ဆိုတဲ့ အခေါ်အဝေါ်ကို ဆရာဝန် medical Physician ကိုပဲ ခေါ်ဝေါ် သုံးစွဲတာ ဖြစ်ပြီး တခြား ပညာရေး ဆိုင်ရာနဲ. PhD ဘွဲ.ရတဲ့ ပညာရှင်တွေကို သတင်းတွေအတွက် CG- Character Generation လုပ်ပြီး Creditation ပေးတဲ့အခါ သက်ဆိုင်ရာ ရာထူး ဌာနကိုပဲ ရည်ညွှန်း ခေါ်ဝေါပါသည်။ ဒေါက်တာဆိုပြီး ရှေ.ကနေ တပ်ပြီး မခေါ်ပါဘူး။ ဒေါက်တာ ဆိုတဲ့ အခေါ်အဝေါ်ကို News Media & Mass Communication မှာ ကျန်းမာရေး ဆိုင်ရာ ဆရာဝန် Medical Doctor ကိုပဲ နာမည်တပ် ခေါ်ပါသည်။ တခြား သိပ္ဗံပညာရှင် တဦးဦးက အသစ်တွေရှိမှုတွေကြောင့် သတင်းကိုယ်တိုင်က Even News itself related or Relevant ဖြစ်တဲ့ သတင်းမျိုးမှာပဲ ဒေါက်တာဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းကို သတင်းမီဒီယာတွေကို သုံးလေ့ ရှိပါသည်။
ဒါကြောင့်လဲ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း Condoleezza Rice ဟာ PhD ဘွဲ.ရ ဒေါက်တာတဦးဖြစ်ပေမယ့် နိုင်ငံခြားရေးဝန်ကြီးကို Secretary of State Condoleezza Rice လို.ပဲ ခေါ်ဝေါ် သုံးစွဲတာကို သတိထားမိမယ် ဖြစ်ပါသည်။ ဘယ်သတင်းဌာနမှ အမေရိကန် နိုင်ငံရေးဝန်ကြီးဟောင်းကို ဒေါက်တာ Condoleezza Rice လို. သတင်းမီဒီယာတွေက ခေါ်ဝေါ် ပြောဆို သုံးစွဲတာ မရှိပါဘူး။ ဒါကြောင့် အမေကန်နိုင်ငံခြားရေး ၀န်ကြီး Condoleezza Rice ဟာ PhD ပါရဂူဘွဲ.ရ ဒေါက်တာတဦးဆိုတာ သာမန်လူတွေ အများစု သတိတောင် မထားမိပါဘူး။ အကြောင်းကတော့ News Media & Mass Communication တွေမှာ သူမနဲ. ပတ်သက်တဲ့ သတင်းတွေ ရေးတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး၏ နာမည်ကိုပဲ သုံးစွဲ ရေးသားလေ့ ဖြစ်ပါသည်။ ဒါကြောင့် News Media, Public Broadcasting & Mass Communications တွေမှာ ဒေါက်တာ ဆိုတဲ့ အသုံးအနှုန်းကို အခု မြန်မာ သတင်းဌာနတွေ သုံးနေသလို ဖောဖောသီသီ မသုံးပါ။ ဒါဟာ အဓိပ္ဗါယ်ရှိသလို လိုအပ်ချက် စည်းကမ်းသတ်မှတ်ချက်တွေအရလဲ ဖြစ်ပါသည်။
ဒါကြောင့် မြန်မာ သတင်းဌာနတွေ သတင်းသမားတွေ သတင်းဖန်တီးသူတွေ လုပ်သူတွေလဲ Public Broadcasting, News Media & Mass Communication တွေမှာ ရေးပြ ပြောကြမယ်ဆိုရင် ကိုယ်အမူအရာနဲ. ခေါ်ဝေါ် သုံးစွဲတဲ့ စကားလုံး အသုံးအနှုန်းတွေကို သတိထားဖို. ဆင်ခြင်ဖို. အထူး လိုပါသေးသည်။
Udp Myanmar Faebook
0 comments:
Post a Comment