ပင်နီဗေးနီးယား ရဲတပ်ဖွဲ့ သည် ပြီးခဲ့သောအပတ်တွင် အိမ် ဖြူတော်ကို ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်သည် ဟု သံသယရှိသည့် အမျိုးသား တစ်ဦးကို နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့သည်။ယင်း ပစ်ခတ်မှု ကြောင့်ကျည်ဆန်တစ်တောင့်သည် အိမ်ဖြူတော်၏ လူနေအပိုင်းရှိ ကျည်ကာပြတင်းပေါက်တစ်ခုကို ထိမှန်ခဲ့သည်။ အခင်းဖြစ်ပွားချိန် တွင် သမ္မတ အိုဘားမားသည် ဩစတြေးလျနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိနေသည်။
လျှို့ဝှက်ထောက် လှမ်းရေးအဖွဲ့ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အော်စကာရာ မီရိုအော်တီ ဂါ ဟာနန်ဒက်ဇ်ကို အင်ဒီယာနာ အနီးဟိုတယ်တစ်ခုတွင် ဖမ်းမိပြီး ချုပ်နှောင်ထားကြောင်း ပြောကြား ခဲ့သည်။ အိမ်ဖြူတော်ကို သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ၁၉၉၄ ခုနှစ်တွင်ဖြစ် ပွားခဲ့ဖူးသည်။ ဖရန်စစ္စကို မာတင်ဒ ရန်သည် ပင်ဆီဗေးနီးယားရိပ်သာ မှနေပြီး ဆီမီးအော်တိုမက်တစ် ရိုင် ဖယ်သေနတ်တစ်လက်ဖြင့် အိမ်ဖြူ တော်ကိုကျည်ဆန်အတောင့် နှစ် ဒါဇင်ခန့် ပစ်ခတ်ခဲ့သည်။ ဒူရန် သည်ယခုအခါနှစ် ၄၀ ထောင်ဒဏ် ကျခံနေရသည်။
Ref: Internet
Welcome to SeekaHost
3 weeks ago
0 comments:
Post a Comment